ဟာဗေးနဲ့ အယ်လီဆန် ပြန်လာပြီ၊ ပရီးမီးယားလိဂ်နဲ့ ဒိုင်လူကြီး ကွန်တီကိစ္စမှာ လီဗာပူး ဝင်ပါဖွယ် မရှိခြင်း၊ စာချုပ်သစ် စကားပြောကြဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒဏ်ရာကြောင့် ၂ ပတ်ခန့် အနားယူရမယ့် ထရန့်ဟာ အင်္ဂလန်လက်ရွေးစင် အသင်းကနေ နှုတ်ထွက်သွားပါပြီ။

ပေါက်ကြားလာတဲ့ ဗီဒီယိုဟာ သူ မဟုတ်ကြောင်းနဲ့ ဘာတွေပြောခဲ့တယ် မမှတ်မိဘူးလို့ အစောပိုင်းမှာ ဒိုင်လူကြီး ကွန်တီက ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်ဘက်က သေချာလေး စုံစမ်းမှု ပြုလုပ်အပြီး ဒိုင်လူကြီး ကွန်တီက သူဟာ ယာဂင်ကလော့ပ်နဲ့ လီဗာပူးအပေါ် အမုန်းစကားတွေ ပြောဆိုမိခဲ့ကြောင်း ဝန်ခံလိုက်ပြီဖြစ်ပါတယ်။

ဒိုင်လူကြီး ကွန်တီကိစ္စအတွက် လီဗာပူးအသင်းဘက်က စာထုတ်သွားမှာ မဟုတ်ဘဲ ပရီးမီးယားလိဂ်ဘက်က ဘယ်လိုဆုံးဖြတ်မလဲကို ဘေးကနေပဲ ကြည့်နေမယ့် သဘောထားမျိုး ပြသလာပါတယ်။

ကွင်းလယ်လူ ဟာဗေးဟာ သူ့ရဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေအတွက် ယူ-၂၁ အသင်း လေ့ကျင့်ရေးမှာ ပါဝင်သွားသလို အယ်လီဆန်ကလည်း လေ့ကျင့်ရေးအချို့ ပြန်စနေပါပြီ။

လာမယ့်နွေမှာ အယ်လီဆန်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာသွားနိုင်ချေ ရှိနေကြောင်း သတင်းထောက် David Lynch က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို စာချုပ်သစ်ကိစ္စ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လီဗာပူးမှာ ပွဲကစားခွင့်မိနစ် လျော့နည်းနေတဲ့ အန်ဒိုကို ခေါ်ယူဖို့ အေစီမီလန်၊ ဖူလ်ဟမ်၊ ဝုဗ်နဲ့ အစ်ဝစ်ချ်အသင်းတို့က စိတ်ဝင်စားနေပါတယ်။

ဖီယင်နု ဗီဒီယို စိစစ်ရေးသမား Roderick van der Ham ဟာ နယ်သာလန်ကလပ်ကနေ နှုတ်ထွက်လိုက်ပါပြီ။ သူဟာ ဆလော့ ရှိရာ လီဗာပူးထံ ပြောင်းလာမယ် သတင်းကြီးနေပါတယ်။

” လီဗာပူးမှာ ရော်ဘတ်ဆန်ရဲ့ခေတ် မရှိတော့ဘူးလို့ လူတွေ ကြိုက်သလို ဝေဖန်လို့ရတယ် ကျနော်ကတော့ ဆက်ကြိုးစားပြမယ် ” လို့ ရိုဘိုက ဆိုပါတယ်။

လာမယ့်ရာသီ လီဗာပူးအသင်းနဲ့ Adidas တို့ လက်တွဲခဲ့ရင် မာဆေးဆိုဒ်ကလပ်ဟာ ပြိုင်ဘက် ယူနိုက်တက်ရနေတဲ့ တစ်ရာသီကို ပေါင် သန်း ၉၀ နီးပါးထိ အကျိုးအမြတ် ရနိုင်တယ်လို့ ဘောလုံးဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။