

၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးသော နိုင်ငံတကာသီတင်းပတ်အဖြစ် ဒီအပတ်မှာတော့ လက်ရွေးစင်ပွဲတွေ တစ်ကျော့ပြန်လာတော့မှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အပြီး ပရီးမီးယားလိဂ်ကို ဦးဆောင်ထားကာ အဆင့် ၂ နေရာက မန်စီးတီးကို ၅ မှတ်ဖြတ်ထားတဲ့ အပြင် အဆင့် ၃၊ အဆင့် ၄၊ အဆင့် ၅ အစရှိတဲ့နေရာက အသင်းတွေကိုလည်း ၉ မှတ်ထိ ဖြတ်ထားပါတယ်။
ရာသီစ စူပါကွန်ပျူတာ တွက်ချက်မှု
- မန်စီးတီး – 82.2%
- အာဆင်နယ် – 7.2%
- လီဗာပူး – 5.1%
ချန်ပီယံလိဂ်မှာဆိုရင် ကစားရမယ့် အုပ်စုအဆင့် ပွဲစဉ် ၈ ပွဲထဲက ထက်ဝက်ဖြစ်တဲ့ ၄ ပွဲကို ကစားထားပြီး ရမှတ် ၁၂ မှတ်အပြည့်ရကာ ဇယားထိပ်ကို ဦးဆောင်နေပါတယ်။
ဒီလို အနေအထားတွေကြောင့်ပဲ လီဗာပူးရဲ့ ချန်ပီယံဖြစ်နိုင်ချေဟာ လျော့တွက်လို့ မရတော့ဘူးလို့ သုံးသပ်လာကြတယ်။ Opta ရဲ့ စူပါကွန်ပျူတာ တွက်ချက်မှုမှာဆိုရင် လီဗာပူးအသင်းဟာ မန်စီးတီးကိုတောင် ကျော်တက်သွားပြီဖြစ်ပါတယ်။
ပွဲစဉ် ၁၁ အပြီး စူပါကွန်ပျူတာ တွက်ချက်မှု
- လီဗာပူး – 60.3%
- မန်စီးတီး – 34.3%
- အာဆင်နယ် – 5%
ရာသီစတုန်းက ချန်ပီယံဖြစ်နိုင်ချေမှာ မန်စီးတီးထက် နှိုင်းယှဉ်မရအောင် နည်းခဲ့ပေမယ့် ပွဲစဉ် ၁၁ အပြီးမှာ လီဗာပူးရဲ့ ချန်ပီယံဖြစ်နိုင်ချေဟာ ၆၀.၃% ထိ တက်လာခဲ့ကာ မန်စီးတီးရဲ့ ၃၄.၃% ထက်ကို များစွာ ကျော်တက်သွားခဲ့ပြီဖြစ်ပါတယ်။