ဇူဘီမန်ဒီ ကိစ္စ၊ ယူရို သန်း ၆၀ ပေးရမယ့် ဖရန့်ဖတ် တိုက်စစ်မှူး၊ တရက်မှာ ထွက်သွားရမှာပဲ ဆိုတဲ့ ဆာလာနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ထရန့် ထွက်သွားတဲ့ အင်္ဂလန်လက်ရွေးစင် လူစာရင်းထဲ ကွမ်းဆက် အရွေးခံခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီကို ဆက်လက် စောင့်ကြည့်နေတယ်လို့ အင်္ဂလန်သတင်းထောက်တွေကော ရိုမန်နိုကပါ ထုတ်ပြောပါတယ်။

ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ်ကတော့ ဒိုင်လူကြီး ဒေးဗစ်ကု ကိစ္စကို သူတို့ အပြည့်အဝနဲ့ အလေးအနက် စုံစမ်းနေပါကြောင်း အဲ့ဒါကလွဲလို့ ဘာအကြောင်းမှ မပြောလိုသေးကြောင်း ထုတ်ပြောပါတယ်။

ဆာလာကတော့ ဖာမင်နို ထွက်သွားကတည်းက တစ်ရက်မှာ လူတိုင်း ထွက်ခွာရမယ်ဆိုတာ သိခဲ့တာကြောင့် လီဗာပူးမှာရှိနေတဲ့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ကစားဖို့ပဲ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

ဆာလာရဲ့ အေးဂျင့်ကတော့ တိုက်စစ်သမားနဲ့ နီးစပ်တဲ့ အတွင်းသတင်းတွေဆိုပြီး သတင်းထောက်တွေ ဖော်ပြသမျှက အမှားတွေပါပဲဆိုတဲ့ ပိုစ့်ကို ပြန်ရှယ်သွားပါတယ်။

ဒေးဗစ်ကုက ကလော့ပ်ကို ဆဲဆိုခဲ့ပေမယ့် လီဗာပူးပွဲတွေမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် မလုပ်ခဲ့ပါဘူးလို့ ဂယ်ရီနဗီးက ထင်မြင်ချက်ပေးပါတယ်။

ဂျာမာန်သတင်းထောက်တွေကတော့ လီဗာပူးအသင်းဟာ ဖရန့်ဖတ် တိုက်စစ်မှူး အိုမာ မာမိုစ့်ကို ခေါ်ယူဖို့ စကားပြောမှု စတင်နေတယ်လို့ ဆိုပါတယ်။

အီဂျစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ဆိုရင် လီဗာပူးဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀-၆၀ ကြား ပေးရနိုင်ပါတယ်။

ဂွာဒီယိုလာဟာ ဘရန့်ဖိုဒ့် ခံစစ်မှူး ဗန်ဒန်ဘတ်ကို သဘောကျနေတယ်လို့ သတင်းထွက်နေပါတယ်။ လီဗာပူးအသင်းဟာ နယ်သာလန်ရဲ့ အပြောင်းအရွှေ့မှာ အကျိုးခံစားခွင့် ပါဝင်တဲ့ သဘောတူညီမှု အချို့ ထည့်သွင်းထားပါတယ်။