

အင်္ဂလန်အသင်းက ဂရိကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ကာတစ်ဂျုံးဟာ လှပတဲ့ အဆုံးသတ်ချက်နဲ့အတူ သွင်းဂိုးတစ်ဂိုး ရယူခဲ့ပါတယ်။ ဒီဂိုး သွင်းနိုင်ဖို့ ဂျုံးဟာ ကိုယ့်အသင်း ဧရိယာထိပ်ကနေ ပြိုင်ဘက်အသင်း ဧရိယာအတွင်းထဲထိ တောက်လျှောက် ပြေးလွှားနေရာယူခဲ့တာ ဖြစ်ပါတယ်။
The Liverpool boy;Curtis Jones scores a beautiful goal. Super talent 👏. pic.twitter.com/S1k0cuH8V8
— Japeth Ekidor~Doyen (@ERUKONJnr) November 14, 2024
ဖခင်ဖြစ်ပြီးတည်းက ရင့်ကျက်လာသလို ထူးချွန်ခြေစွမ်း ဆက်တိုက်ပြနေတဲ့ ကာတစ်ဂျုံးရဲ့ အင်္ဂလန်အသင်းအတွက် သွင်းဂိုးအတွက် ကလပ်အသင်းဖော် ဂက်ပိုက ထုတ်ဖော် ချီးကျူးပါတယ်။
ကာတစ်ဂျုံးကို အင်္ဂလန်အသင်းမှာ နေရာပေးဖို့ နောက်ကျတဲ့ အက်ဖ်အေက နည်းပြအားလုံးကို ဒဏ်ကြေးရိုက်ဖို့ စတီဗင်ဂျရတ်က စနောက်သွားပါတယ်။ ဂျုံးဟာ လီဗာပူးလူငယ်အသင်းမှာ ဂျရတ် ကိုင်တွယ်စဉ် တောက်ပလာတဲ့ အကယ်ဒမီအသင်းသား ဖြစ်ပါတယ်။
နိုင်ငံတကာသီတင်းပတ်မှာ အိုင်ယာလန်အတွက် လက်စွမ်းပြပြီး ပင်နယ်တီပါ ကာကွယ်ပေးခဲ့တဲ့ ကလယ်ဟာ ဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုပါ ရခဲ့ပါတယ်။
Caoimhin Kelleher penalty save for Ireland 🔥#lfc pic.twitter.com/zEjizdhdMX
— Anything Liverpool (@AnythingLFC_) November 14, 2024
ဂရာဗင်ဘက်ချ်က လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်သမား တစ်ဦးအဖြစ် တောက်ပနေတာကြောင့် လီဗာပူးဘက်က နံပါတ် ၆ နေရာ ခေါ်ယူရေးအား ဦးစားပေးအဖြစ် မစဉ်းစားထားပါဘူး။
ဒေးဗစ်ကုကို ပရီးမီးယားလိဂ်မှာ ထပ်မြင်ရမယ် မမြင်ကြောင်းနဲ့ သူလုပ်ခဲ့တဲ့ ကိစ္စက တကယ့်ကို အိပ်မက်ဆိုးတစ်ခုပဲလို့ ကာရေဂါက မှတ်ချက်ပေးပါတယ်။
စပိန်သတင်းတွေကတော့ ထရန့်ဟာ လီဗာပူးရဲ့ စာချုပ်သစ်ကို ပယ်ချလိုက်ပြီ ဖော်ပြနေပြီး လီဗာပူးသတင်းတွေကတော့ ဆွေးနွေးမှုက လုပ်ဆောင်နေဆဲ ကိစ္စလို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ဘက်က ထရန့်ကို လာမယ့်နွေမှာ အလွတ်ဖြင့် ခေါ်ယူနိုင်ရေး ကစားသမားဘက်ကို ချဉ်းကပ်နေပြီး သက်တမ်းမတိုးဖို့လည်း စည်းရုံးနေပါတယ်။
ခီယေဆာထံက ရာနှုန်းပြည့် ကြံ့ခိုင်မှု မြင်လိုခြင်းကြောင့် လီဗာပူးဘက်က သူ့ကို မီနီ ရာသီကြို စီစဉ်ပေးနေခြင်းဖြစ်ကာ စီးရီးအေနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေက မှန်ကန်ခြင်း မရှိပါဘူး။
လာမယ့်နွေမှာ ပေါင် ၈၅ သန်းဖြင့် ခေါ်ယူခွင့် အသက်ဝင်မယ့် ဝက်စ်ဟမ်း တိုက်စစ်သမား ခူးဒက်စ်ကို ချိန်ရွယ်နေတဲ့ အသင်းထဲ လီဗာပူး ပါဝင်နေပါတယ်။