လိုင်ယွန်နဲ့ ဘုန်းမောက်က စားသမားတွေကို စုံစမ်းခြင်း၊ လူသစ်ခေါ်ယူဖို့ တိုက်တွန်းတဲ့ ကာရေဂါ၊ လက်စွမ်းပြခဲ့တဲ့ မာမာဒီရှီဗီလာနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ပရီးမီးယားလိဂ်ကို ရောက်လာလာခြင်း နည်းပြတစ်ဦးက မန်စီးတီး၊ အာဆင်နယ်လို အသင်းတွေကို ၅ မှတ်နဲ့ ၉ မှတ်ဖြတ်ထားတာ ဖြစ်ဖို့ ခဲယဉ်းတာကြောင့် ဒီရာသီကို အရှိန်တင်ဖို့ လီဗာပူးအား ကာရေဂါက တိုက်တွန်းပါတယ်။

အကောင်းဆုံးသော အရှိန်တင်နည်း တစ်ခုကတော့ ဇန်နဝါရီမှာ လီဗာပူးအားနည်းနေတဲ့ နေရာအတွက် လူသစ်ခေါ်ယူဖို့ဖြစ်ပြီး ကာရေဂါကတော့ ဇူဘီမန်ဒီကို ထောက်ခံသွားပါတယ်။

စပိန်အသင်းပွဲအတွက် အင်တာဗျူးမှာ ဇူဘီမန်ဒီကတော့ အပြောင်းအရွှေ့ဆိုင်ရာ သတင်းတွေအတွက် အင်အားကုန်မခံဘူးလို့ တုန့်ပြန်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဂိုးသမား ကလယ်ဟာ ဟာ ကမ္ဘာ့အဆင့် ဂိုးသမားတစ်ဦး ဖြစ်လာမယ့် အရည်အချင်းတွေ ရှိထားသူအဖြစ် အိုင်ရစ်ဘောလုံး အသိုင်းအဝိုင်းက ယုံကြည်အားကိုးနေကြပါတယ်။

ကွင်းလယ်လူတွေဖြစ်တဲ့ ဂရာဗင်ဘက်ချ်နဲ့ မာကာတို့က နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွင်း လက်ရွေးစင်အသင်းတွေထံ ရောက်နေချိန် လီဗာပူးမှာ သူတို့ကစားရတဲ့ ကွင်းလယ်တာဝန်အတွက် နည်းစနစ်ပိုင်း ရှင်းပြမှုတွေ လုပ်ခဲ့ကြပါတယ်။

လီဗာပူး ဂိုးသမား မာမာဒီရှီဗီလာဟာ လက်ရွေးစင်အသင်းပွဲမှာ အံ့မခန်း နှစ်ထပ်ဆင့် ကာကွယ်မှုကို ပြုလုပ်ပြသွားပါတယ်။

ဘုန်းမောက် ဘယ်အစွန်လူ မီလိုကက်ဇ်နဲ့ ပတ်သက်လို့ လီဗာပူးဘက်က အခြေအနေ တီးခေါက်မှု စတင်လိုက်ခြင်းဖြစ်ပြီး ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်သွားခြင်း မဟုတ်ပါဘူး။

ဟန်ဂေရီ နည်းပြအဖွဲ့ဝင် Ádám Szalai ဟာ နယ်သာလန်ပွဲမှာ ကျန်းမာရေး အခြေအနေကြောင့် လဲကျသွားခဲ့ပြီး အရေးပေါ် ဆေးရုံပို့ခဲ့ရပါတယ်။

လိုင်ယွန်အသင်း တန်းဆင်းရနိုင်ကြောင်း သတင်းတွေနဲ့ တပြိုင်နက်တည်းမှာပဲ လီဗာပူးအသင်းဟာ ပြင်သစ်ကလပ်ရဲ့ အသက် ၂၁ နှစ်အရွယ် ကြယ်ပွင့်ဖြစ်သူ Rayan Cherki ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်း ထွက်ပေါ်နေပါတယ်။