

နိုင်ငံတကာသီတင်းပတ်အတွင်း ထရန့်ကို ခရစ္စမတ်စျေးထဲမှာ မြင်တွေ့သူတွေရှိနေပြီး ကြံ့ခိုင်မှု အဆင်ပြေနေတယ်လို့ သိရပါတယ်။
တိုက်စစ်မှူးဆာလာကလည်း မိသားစုနဲ့အတူ Disneyland Paris မှာ အချိန်ကုန်နေတာကြောင့် အားလပ်ရက်ဟာ သူ့ကို စိတ်ရော ကိုယ်ပါ အနားရစေပါလိမ့်မယ်။
ခံစစ်မှူးဂိုးမက်စ်ကတော့ အာရှထိ ခြေစမ်းနေပြီး ဂျပန်ကို ဇနီးဖြစ်သူနဲ့အတူ အလည်ထွက်နေပါတယ်။
ခီယေဆာကို စီးရီးအေးဘက်က အငှားဖြင့် လိုချင်နေပုံရပြီး ဇန်နဝါရီမှာ ကမ်းလှမ်းလိုမှု ပြသပေမယ့် လီဗာပူးဘက်ကတော့ အပြောင်းအရွှေ့ ကိစ္စများအား ငြင်းဆန်နေဆဲပါ။
အယ်လီဆန်နဲ့ ဟာဗေးတို့ဟာ ဒီရက်တွေအတွင်း လေ့ကျင့်ရေးတွေ ဝင်နေပြီး စိန့်ပွဲမှာ အဆင်သင့်ဖြစ်ရေး အားထုတ်နေကြပါတယ်။
ပြင်သစ်နဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်မှာ ကိုနတေးဟာ အသင်းခေါင်းဆောင် တာဝန်ကို ရယူသွားပါတယ်။
လီဗာပူးအသင်းနဲ့ မီလိုကာဇ်သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ဆားဘီးယားဖွား ဟန်ဂေရီလက်ရွေးစင် ကစားသမားရဲ့ ခြေစွမ်းအပေါ် အကဲဖြတ်သူတွေ များပြားလာနေပါတယ်။
ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း ဒီနီရဲ့ ဆာလာက ကမ္ဘာ့အဆင့် တိုက်စစ်သမား မဟုတ်ဘူးဆိုတဲ့ မှတ်ချက်ဟာ အင်္ဂလန်ဘောလုံးလောကကို တုန်လှုပ်သွားစေပြီး နောက်ဆက်တွဲတွေ များစွာ ထွက်ပေါ်လာနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂရာဗင်ဘက်ချ် (၆၁.၁%) ထက် ပိုပြီး မြေပြင် တစ်ဦးချင်း ယှဉ်လုမှုတွေမှာ အောင်မြင်ထားတဲ့ ကစားသမား မရှိပါဘူး။
ဘင်ဖီကာ ကွင်းလယ်လူ Orkun Kokcu က သူ ဒီနေ့လို ကစားသမားဖြစ်လာဖို့ ဆလော့က ပျိုးထောင်ပေးခဲ့တာဖြစ်ကာ နယ်သာလန်သားကို ကမ္ဘာ့အကောင်းဆုံး နည်းပြအဖြစ် ညွှန်းဆိုပါတယ်။
လိုင်ယွန်ဥက္ကဋ္ဌဖြစ်သူကတော့ လီဗာပူးနဲ့ သတင်းထွက်နေတဲ့ Rayan Cherki ရဲ့ အနာဂတ်ဟာ ကစားသမားရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ကြောင်း ထုတ်ပြောလာသလို ဇန်နဝါရီမှာ ထွက်ခွာနိုင်ဖွယ် ရှိကြောင်းလည်း အရိ်ပ်အမြွက် ပြောသွားပါတယ်။