

လီဗာပူးအသင်းမှာ ဆာလာ ဆက်ရှိနေရေး အနာဂတ်က မသေချာဖြစ်နေချိန် အီဂျစ်တိုက်စစ်သမားရဲ့ အသင်းအပေါ် သက်ရောက်မှုနဲ့ ပတ်သက်လို့ တွက်ချက်ပြမှုတွေ ထွက်ပေါ်လို့လာပါတယ်။
ရိုးရှင်းတဲ့ တွက်ချက်ပြမှုကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ပွဲ ကစားပြီးချိန်မှာ ဆာလာဟာ အသင်းဂိုးတွေရဖို့ ဘယ်လောက် ရာခိုင်နှုန်းထိ ပါဝင်ကူညီထားလဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ သွင်းဂိုး ၂၁ ဂိုး ရထားပြီး အဲ့ထဲက ၁၄ ဂိုးမှာတော့ ဆာလာရဲ့ စွမ်းဆောင်ရည်တွေ ပါဝင်ထားတာပါ။ ဆာလာဟာ ကိုယ်တိုင် ၈ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၆ ကြိမ်လုပ်ထားကာ အသင်းရထားတဲ့ သွင်းဂိုးတွေရဲ့ ၆၆.၇% ထိ ပါဝင်ပတ်သက်ထားတာဖြစ်ပါတယ်။
- Liverpool’s Premier League goals: 21
- Salah league goals and assists: 14
ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကာရာဘောင်း စတဲ့ ပြိုင်ပွဲစုံမှာဆိုရင် လီဗာပူးအသင်းဟာ သွင်းဂိုး ၃၉ ဂိုး ရယူထားတာဖြစ်ပြီး အဲ့ထဲမှာ ဆာလာက သွင်းဂိုး ၂၀ အတွက် ပါဝင်ပတ်သက်ထားပါတယ်။ ဒါဟာ ရာနှုန်းအားဖြင့်ဆိုရင် ၅၁.၂% ဖြစ်ပါတယ်။
- Liverpool’s total goals: 39
- Salah’s total goals and assists: 20
ဆာလာနောက်မှာတော့ ဒုတိယအများဆုံးအဖြစ် ဒီယက်ဇ်က သွင်းဂိုး ၁၁ ဂိုးအတွက် ပါဝင်ကူညီထားနိုင်တယ်။ ဒါကြောင့် ကိန်းဂဏန်းပိုင်းအရဆိုရင် လီဗာပူးဟာ အသက် ၃၂ နှစ်အရွယ် ဆာလာအပေါ် အများကြီး အားကိုးနေရဆဲဖြစ်ပါတယ်။
မိုဆာလာဟာ လီဗာပူးအသင်းမှာ ဆက်နေလိုပြီး အသင်းဘက်ကလည်း သူ့ကို ဆက်ထိန်းထားလိုဆဲဖြစ်ကာ စာချုပ်သစ်ရဲ့ သက်တမ်းနဲ့ ပေးချေရမယ့် လုပ်ခအပြင် စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေးတွေကပဲ သက်တမ်းတိုးကိစ္စဖြစ်မဖြစ် အဖြေပေးသွားမှာဖြစ်ပါတယ်။