ယူရို သန်း ၅၀ တန် ကစားသမားက လီဗာပူးကို ပြောင်းလိမ့်မယ်လို့ သတင်းထောက်ဖြစ်သူ အခိုင်အမာ ဆို

ဒီအပတ်တွေအတွင်း အီဂျစ်သား တိုက်စစ်သမား အိုမာ မာမိုစ့်ဟာ လီဗာပူးအသင်းထံ ပြောင်းလိမ့်မယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်လာဖူးပါတယ်။

အခုချိန်မှာတော့ ဂျာမာန်သတင်းဌာန Bild ရဲ့ အထူးအင်တာဗျူးမှာပဲ ဆွစ်ဘောလုံး ဂျာနယ်လစ် Marcel Reif က အီဂျစ်လက်ရွေးစင်ဟာ နွေကျရင် လီဗာပူးကို ရောက်သွားလိမ့်မယ်လို့ အခိုင်အမာ ထုတ်ပြောလာပါတယ်။

ဝါရင့် ဂျာနယ်လစ်ကြီးရဲ့ “ မာမိုစ့် လီဗာပူးကို သေချာပေါက်ရောက်မယ့်ဘက်က ကျနော် လော-င်း-ကြေး ထပ်ပါမယ်။

သူ နောက်နှစ်နွေမှာ လီဗာပူးကို ပြောင်းချင်တာကလည်း လျှို့ဝှက်ထားရမယ့် ကိစ္စ မဟုတ်တော့ပါဘူး။ သူက ဆာလာကိုလည်း သိပ်ကို အားကျသူဖြစ်တယ်။ ” လို့ ထုတ်ပြောသွားမှုက Bild ရဲ့ ခေါင်းကြီးသတင်းအဖြစ်ကို ပါဝင်ထားတာ ဖြစ်ပါတယ်။

မာမိုစ့်ဟာ ဘွန်ဒက်လီဂါမှာ ဆက်တိုက် တောက်ပနေသူဖြစ်ကာ ဒီရာသီမှာဆိုရင် သွင်းဂိုး ၂၄ ဂိုးအတွက် ပါဝင်ထားသူဖြစ်တယ်။ သူဟာ အဆုံးသတ်ကောင်းသလို တည်ကန်ဘောတွေမှာလည်း ထူးချွန်သူဖြစ်ကာ လာမယ့်နွေမှာ ယူရို သန်း ၅၀ ဖြင့် ထွက်ခွာနိုင်တယ်လို့ သိထားရပါတယ်။

လီဗာပူးသတင်းထောက်တွေကတော့ အသင်းဟာ တိုက်စစ်သမား ၁ ဦး မထွက်ပါဘဲ နောက်ထပ် ၁ ဦး ထပ်ခေါ်ဖွယ် မရှိကြောင်း မှတ်ချက်ပေးထားကာ လက်ရှိ အသင်းမှာ တိုက်စစ်သမား ၆ ဦးထိ ရှိနေတာဖြစ်ပါတယ်။