

ပြင်သစ်လက်ရွေးစင်အသင်း နည်းပြဖြစ်သူ ဒက်ချမ့်ဟာ အဓိက တိုက်စစ်သမား အမ်ဘာပေနဲ့ တွေ့ဆုံပြီး အနာဂတ်အတွက် စကားပြောမှု ပြုလုပ်သွားဖွယ် ရှိနေပါတယ်။
ဒက်ချမ့်က လက်ရွေးစင်အသင်း အသင်းခေါင်းဆောင်နေရာမှာ လီဗာပူး ခံစစ်မှူး ကိုနတေး တောက်ပနေခြင်းကို မြင်တဲ့နောက် အသင်းကို ဦးဆောင်ရေးကိစ္စ အမ်ဘာပေနဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်နေတာပါ။
ဒီတလော လက်ရွေးစင်တာဝန်တွေကို အမ်ဘာပေ လွဲချော်နေပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်ပွဲတွေမှာ ပါဝင်ကစားခြင်း မရှိပါဘူး။ အမ်ဘာပေက ကလပ်ပွဲတွေကို ပိုမို အာရုံစိုက်နိုင်ရေး လက်ရွေးစင်ကနေ နှုတ်ထွက်ထားခြင်း ဖြစ်ပါတယ်။
သူမရှိချိန်မှာ ယာယီ အသင်းခေါင်းဆောင်အဖြစ် ကန်တေ၊ ချူအာမီနီနဲ့ ကိုနတေးတို့ကို တာဝန်ပေးမှုတွေရှိထားတယ်။ ဒက်ချမ့်ကတော့ အမြဲတမ်း အသင်းခေါင်းဆောင် အသစ်ကို ရွေးချယ်လိုစိတ် ရှိနေပြီး အမ်ဘာပေး မဟုတ်သူ တစ်ဦးကို တာဝန်ပေးဖို့ စဉ်းစားနေပါတယ်။
ကန်တေက သမ္ဘာအားဖြင့် အသင်းခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်ပေမယ့် သူ့အသက် အရွယ်အရ လက်ရွေးစင်အတွက် ပွဲအများကြီး မကစားနိုင်တာကြောင့် ချူအာမီနီနဲ့ ကိုနတေးတို့ဟာ အနာဂတ် ခေါင်းဆောင်ဖြစ်လာနိုင်တာပါ။
ပြင်သစ်သတင်းဌာနတွေကတော့ ဒီရာသီ ကလပ်မှာကော လက်ရွေးစင်မှာပါ တောက်ပနေတဲ့ ကိုနတေးရဲ့ ဦးဆောင်မှုကို လက်ရွေးစင်အသင်း နည်းပြအဖွဲ့ကော အဝတ်လဲခန်းကပါ နှစ်သက်နေတယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။