

ဟန်ဂေရီနဲ့ ဂျာမနီတို့ ၁-၁ သရေကျတဲ့ပွဲမှာ နောက်ဆုံးမိနစ် ပင်နယ်တီကို ဆိုဘိုစလိုင်က သွင်းယူခဲ့ပါတယ်။
ကိုနတေးဟာ ပြင်သစ်အသင်းရဲ့ အမြဲတမ်း အသင်းခေါင်းဆောင်သစ် ဖြစ်လာဖို့ ရေပန်းစားလာပြီး နည်းပြဒက်ချမ့်က အမ်ဘာပေးကို ရာထူးကနေ အနားပေးရေး ဆွေးနွေးလိုနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ထရန့်ကို တန်းတန်းစွဲဖြစ်နေပြီး လာမယ့် နွေမှာ အရခေါ်ယူဖို့ထိ စိတ်ပိုင်းဖြတ်ထားတဲ့ အခြေအနေလို့ ရိုမန်နိုက ဆိုတယ်။
ဂိုးသမား အယ်လီဆန် လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပြီဖြစ်ပါတယ်။ သူ အပြင် ဆာလာ၊ ဟာဗေး၊ ဂိုးမက်စ်တို့ဟာ ယူ-၂၁ အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းခဲ့ကြပါတယ်။
GUESS WHO'S BACK!!! pic.twitter.com/aulWg6LIqw
— Anything Liverpool (@AnythingLFC_) November 19, 2024
လူငယ်လေး ဂျေဒန်ဒန့်စ်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာခြင်းကြောင့် ယူ-၂၁ အသင်း လေ့ကျင့်ရေးမှာ ပြန်ပါလာပြီ ဖြစ်ပါတယ်။
ဂိုးသမားသစ် ရလိုနေတဲ့ ချယ်ဆီးအသင်းဟာ လက်တလောမှာ ကလယ်ဟာကို ခေါ်ယူရေး ကြိုးစားနေခြင်း မရှိသလို နွေမတိုင်ခင် မည်သည့် ကမ်းလှမ်းမှုမှ လီဗာပူးတို့ လက်ခံဖွယ် မရှိပါဘူး။
ဝါရင့် ဂျာနယ်လစ်ကြီး Marcel Reif ကတော့ မာမိုစ့်ဟာ လီဗာပူးကို သေချာပေါက် ရောက်လာလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။
နည်းပြဟောင်း ယာဂင်ကလော့ပ်တို့ဟာ ၂၀၂၂ တုန်းက ဆာလာနေရာ အစားထိုးရေး စဉ်းစားစဉ် လက်ရှိ ယူနိုက်တက်မှာ ကစားနေတဲ့ ဘရာဇီး တိုက်စစ်သမား အန်တိုနီကိုလည်း နှစ်သက်ခဲ့ကြပါတယ်။
လီဗာပူးအသင်းရဲ့ ကွင်းလယ် ပစ်မှတ်ထဲမှာ ဘရိုက်တန်အသင်းမှ ကွင်းလယ်ခံစစ်သမား Carlos Baleba လည်း ပါဝင်လာပါတယ်။