

လီဗာပူးအသင်းဟာ မိုဆာလာနေရာ အစားထိုးဖို့ ယူနိုက်တက် တိုက်စစ်သမား အန်တိုနီ့ကို စိတ်ဝင်စားခဲ့တယ် ဆိုတဲ့ သတင်းက ပျံ့နှံ့လာပါတယ်။
ဒီသတင်းကို ချပြခဲ့သူကတော့ နာမည်ကြီး လီဗာပူးသတင်းထောက်ဖြစ်တဲ့ Paul Joyce ပဲဖြစ်ကာ the Times သတင်းကနေ ဖွင့်ချသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ တုန်းက လီဗာပူးအသင်းဟာ မိုဆာလာနဲ့ သက်တမ်းတိုးဖို့ ကြိုးစားနေသလို အကယ်လို့ စာချုပ်ကိစ္စ မအောင်မြင်ခဲ့ရင် အစားထိုးဖို့ရာ ပစ်မှတ်တွေကိုလည်း ရှာဖွေခဲ့ပါတယ်။
ကလော့ပ် ဦးဆောင်ပြီး ဆာလာနေရာ ဆက်ခံဖို့ တိုက်စစ်သမားအဖြစ် အန်တိုနီကိုလည်း အလားအလာရှိ ပစ်မှတ်အဖြစ် ဆွေးနွေးခဲ့ကြသေးတာ ဖြစ်ပါတယ်။
ထိုစဉ်က အန်တိုနီဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ၃၃ ပွဲကစားအပြီး ကိုယ်တိုင် ၁၂ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်နိုင်ခြင်းကို ကလော့ပ်တို့က သဘောကျခဲ့တာလို့ သိရပါတယ်။ ချန်ပီယံလိဂ်မှာ အေဂျက်တို့ ၁၆ သင်းအဆင့်ထိ တက်ရောက်နိုင်ခြင်းမှာလည်း အန်တိုနီရဲ့ ကစားနိုင်စွမ်းကို ထည့်တွက်ခဲ့ကြပါတယ်။
ကံကောင်းစွာဘဲ FSG ဘက်က မိုဆာလာကို ကလပ်စံချိန်တင်ကြေး တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ဖြင့် သက်တမ်းတိုးဖို့ သဘောတူညီခဲ့ရာကနေ အန်တိုနီကို ခေါ်ယူရေး မဖြစ်မြောက်ခဲ့ပါဘူး။
နောက်ပိုင်းမှာ အန်တိုနီဟာ အေဂျက်ကနေ ယူနိုက်တက်ထံ ပေါင် ၈၆ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး လိဂ်သမိုင်းမှာ အဆိုးရွားဆုံး ခေါ်ယူမှုတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာ လီဗာပူးအသင်းဟာ မိုဆာလာကို သက်တမ်းတိုးဦးမယ်လို့ အသံထွက်နေပေမယ့် စာချုပ်ကိစ္စ သဘာတူညီမှု မရသေးပါဘူး။ တချိန်တည်းမှာ ဖရန့်ဖတ် တိုက်စစ်သမား မာမိုစ့် အပါအဝင် တိုက်စစ်သမား အချို့ကိုတော့ စောင့်ကြည့်မှုတွေ လုပ်နေတာပဲ ဖြစ်ပါတယ်။