လီဗာပူးအသင်း စိတ်ဝင်စားနေပါတယ်ဆိုတဲ့ အင်တာတိုက်စစ်မှူး မာကက် သူရမ်ရဲ့ ပြောင်းရွှေ့ကြေး

နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်မှာ လီဗာပူးနဲ့ အင်တာမီလန်ကြား အပြောင်းအရွှေ့ သတင်း ၂ ရပ် ချိတ်ဆက်ခံနေရပါတယ်။

အီတလီသတင်းဌာနကြီးတွေကနေ ဖော်ပြလာခြင်းနဲ့အတူ အင်္ဂလန်အားကစားဌာနတွေကပါ အဆိုပါ အပြောင်းအရွှေ့ ၂ ရပ်ကို ဖော်ပြလာနေတာဖြစ်ပါတယ်။

လီဗာပူးနည်းပြအဖွဲ့ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြုပြင်မှုတွေ ပြုလုပ်ရာမှာ အထောင်တိုက်စစ်မှာ ကစားဖို့ အင်တာမီလန်အသင်းမှ ပြင်သစ်သား သူရမ်ကို သဘောကျမှုရှိနေပါတယ်။

မနှစ်ကရာသီ စီးရီးအေသွင်းဂိုး ၁၃ ဂိုးရခဲ့တဲ့ တိုက်စစ်မှူးကို လာမယ့်နွေမှာ ခေါ်ယူလိုရင် ယူရို ၈၅ သန်း ကုန်ကျမယ်လို့ သိရပြီး အင်တာမီလန်ဘက်ကတော့ အပြောင်းအရွှေ့အတွက် လမ်းဖွင့်ထားခြင်း မရှိသေးပါဘူး။

အင်တာမီလန်ဘက်ကလည်း တိုက်စစ်ကို ပြုပြင်လိုနေရာမှာ လီဗာပူးအသင်း ခေါ်ယူထားပြီး ကြံ့ခိုင်ရေးပိုင်းကြောင့် ပွဲထွက်ခွင့်မပေးနိုင်သေးတဲ့ ခီယေဆာကို ၆ လ အငှားဖြင့် ပြန်ခေါ်လိုနေတယ်လို့လည်း ဖော်ပြခံထားရတယ်။

လီဗာပူးနဲ့နီးစပ်သူတွေကတော့ အသင်းဟာ ခံစစ်နဲ့ ကွင်းလယ်ပိုင်း လိုအပ်ချက် များပေမယ့် အထောင်တိုက်စစ်နေရာ အားဖြည့်လိုနေကြောင်း ဖော်ပြမှုတွေရှိထားပြီး နည်းပြဆလော့တို့က ကြံ့ခိုင်မှုအားနည်းတဲ့ ဂျိုတာ၊ အဆုံးသတ်ပိုင်း ရုန်းကန်နေရတဲ့ ဒါဝင်တို့နဲ့တင် အားမရဖြစ်နေတာလို့ မှန်းဆမှုတွေလည်း ရှိလာနေတာဖြစ်ပါတယ်။