ပစ်မှတ်တွေ သိသိသာသာ အသံထွက်လာခြင်း၊ လေ့ကျင့်ရေး အပြည့်ပြန်ဝင်တဲ့ ဟာဗေး၊ အယ်လီဆန်၊ လက်ရွေးစင်မှာ နာကျင်ခဲ့ဟန်ရှိတဲ့ မာကာနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အယ်လီဆန်နဲ့ ဟာဗေးတို့ဟာ ယူ-၂၁ အသင်းနဲ့အတူ လေ့ကျင့်ရေး အပြည့် ပြန်ဆင်းနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

Anfield Road ပွဲကြည့်စင် အဆင့်မြင့်တင်ခြင်းရဲ့ စုစုပေါင်း ကုန်ကျစရိတ်ဟာ ပေါင် သန်း ၁၀၀ ကို ကျော်လွန်သွားခဲ့ပါတယ်။

အာဂျင်တီးနားပွဲစဉ်မှာ မာကာ ဒဏ်ရာရခဲ့ဟန်ရှိပေမယ့် ပြင်းထန်မယ် မဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။

ချယ်ဆီးခံစစ်မှူး ကိုးဝဲလ်က မနှစ်ကရာသီမှာ သူ့ရဲ့ idol ဖြစ်တဲ့ ဗန်ဒိုက်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတာဟာ မယုံနိုင်စရာ အခိုက်အတန့်ကို ပျော်ရွှင်စွာ ထုတ်ပြောခဲ့ပါတယ်။

ကိုးဝဲလ်က ဗန်ဒိုက်ကို ဧရိယာအတွင်း ရင်ဆိုင်ရချိန်မှာ နယ်သာလန်သားထံက တစ်ခုခုပြောလိုက်တာကို ကြားတာမို့ ရုတ်တရတ် ‘ခင်ဗျား ပါးစပ်ပိတ်ထား’ လို့ ပြန်အော်ခဲ့မိပြီး ထိုစဉ် ဗန်ဒိုက်ကြည့်တဲ့ အကြည့်က ‘ဒီ​ေ-ာက်ကလေးက ဘယ်သူလဲကွ’ ဆိုတဲ့ အထာမျိုးလို့ ချယ်ဆီးခံစစ်မှူးက ပြောပြပါတယ်။

အာရပ်ကမ္ဘာမှာတော့ မိုဟာ ယှဉ်တုလို့မရအောင် ဂုဏ်သတင်းကြီးတဲ့ ဘောလုံးသမားဖြစ်နေဆဲဖြစ်ပြီး အခုချိန်ထိ သူ့ကို လိုက်မီနိုင်မယ့်သူ ဒုတိယလူ မပေါ်သေးပါဘူး။

လီဗာပူးအသင်းက လိုင်ယွန်တိုက်စစ်သမား Rayan Cherki ကို အလေးအနက် စိတ်ဝင်စားလာနေတာကို ပြင်သစ်သတင်းဌာနတွေက ဖော်ပြလာနေပါတယ်။

ရိုမန်နိုအပြင် သတင်းထောက် အတော်များများကတော့ လီဗာပူးအသင်းရဲ့ ဘုန်းမောက် ဘယ်အစွန်လူ Milos Kerkez ကို စိတ်ဝင်စားမှုက သာမာန်ထက် ပိုတယ်လို့ မြင်ပါတယ်။

အာနယ် ဆလော့တို့ဟာ လီဗာပူးတိုက်စစ်ကို ပြုပြင်လိုနေပြီး နောက်နှစ်နွေမှာ ဒါဝင်၊ ဂျိုတာတို့ထဲက တစ်ဦးဦး ရောင်းချခံရနိုင်တယ်ဆိုတဲ့ အသံတွေ ထွက်လာနေပါတယ်။