

လီဗာပူးအသင်းဟာ ဒီတလော ပြင်သစ်တိုက်စစ်သမား ယိုင်ရန် ရှာကီဖြင့် အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။
အသက် ၂၁ နှစ်အရွယ် ပြင်သစ်သား တိုက်စစ်သမားဟာ တောင်ပံတွေမှာ အားသန်သူဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်အရကော လိုင်ယွန်အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရပါ လီဗာပူးဘက်က အလေးအနက် စိတ်ဝင်စားလာတာလို့ RMC Sport က ဖော်ပြပါတယ်။
လီဗာပူးအသင်းဟာ ဥရောပတလွှားကို ကင်းထောက်တွေဖြန့်ကျက်ထားပြီး သင့်လျော်တဲ့ အခွင့်အရေး ရှိလာခဲ့ရင် ကမ်းလှမ်းမှုလုပ်တတ်တာကို ဒီယက်ဇ်၊ ဂက်ပိုတို့ကို ခေါ်ယူရေးမှာ မြင်ခဲ့ရပြီးပါပြီ။
လိုင်ယွန်ဘက်က သူတို့ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ရှာကီကို ယူရို သန်း ၃၀ နဲ့တင် ရောင်းချလိုနေတယ်လို့ သိရတယ်။ လီဗာပူးသတင်းထောက်တွေဘက်က တုန့်ပြန်မလားသေးတဲ့ ဒီကိစ္စဟာ ပြင်သစ်ဘက်က ချိတ်ဆက်မှု လုပ်နေခြင်းလို့လည်း နားလည်ရပါတယ်။
ဘယ်ခြေကော ညာခြေပါ အားသန်တဲ့ ရှာကီဟာ တောင်ပံတိုက်စစ် နှစ်နေရာအပြင် ကွင်းလယ်တိုက်စစ်ကိုလည်း တာဝန်ယူနိုင်ပါတယ်။
လက်ရှိ လီဗာပူးအသင်းမှာ အဆိုပါ ၃ နေရာလုံးအတွက် လူအင်အား အပြည့်ရှိနေပေမယ့် ဆာလာ မရှိတော့ရင် ဆိုတဲ့ အနေအထားအတွက် အသင်းဘက်က ကြိုတင် ပြင်ဆင်နေတာမျိုးလား စောင့်ကြည့်ရဖို့ ရှိနေပါတယ်။