ထရန့်၊ ဆာလာတို့ရဲ့ စာချုပ်သစ်ကိစ္စ လီဗာပူး ဘယ်လိုကတ် ကိုင်ထားလဲ

လီဗာပူးအသင်းဟာ ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့ ၃ ဦးကို သက်တမ်းတိုးနိုင်ရေး ကြိုးစားနေပြီး မီဒီယာတွေမှာ ပွက်လောရိုက်နေပေမယ့် အတွင်းကျကျ ကိစ္စတွေကို ဘယ်သူကမှ ဖော်ထုတ်လာနိုင်ခြင်း မရှိသေးပါဘူး။

သူတို့ ၃ ဦးထဲမှာ ဗန်ဒိုက်ကတော့ ဆက်နေမယ်လို့ ယူဆရပြီး စာချုပ်ကိစ္စ စကားပြောနေကြောင်း ခံစစ်မှူး ကိုယ်တိုင်က ဝန်ခံထားတယ်။ အခြားသော ၂ ဦးဖြစ်တဲ့ ထရန့်နဲ့ ဆာလာတို့ကတော့ စာချုပ်သစ်ကိစ္စ မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။

သူတို့ ၂ ယောက်နဲ့ ပတ်သက်ပြီး လီဗာပူးသတင်းထောက် David Lynch ကတော့ အခုလို ပြောလာပါတယ်။

ထရန့်ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး

“ တစ်ခုတည်း သေချာပေါက် ပြောနိုင်တာက ထရန့်ရဲ့ စာချုပ်ကိစ္စကို ဘယ်သူမှ အတွင်းကျကျ မသိပါဘူး။ အားလုံးက ကိုယ့်ရဲ့ ကတ်ကို ရင်ဘတ်မှာ ဖိကပ်ပြီး ဖွက်ထားကြဆဲ အခြေအနေဖြစ်ပါတယ်။ ”

ဆာလာရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး

“ ဆာလာက လီဗာပူးမှာ ဆက်နေချင်စိတ် ရှိပါတယ်။ သူကိုယ်တိုင်ကတော့ အပေးအယူ လုပ်လိုစိတ်ရှိကြောင်း ထင်ထင်ရှားရှား ပြသထားတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဘက် လိုအပ်မှုတွေကို ကြားချပြီး သူနဲ့ ပတ်သက်ပြီး စာချုပ်ကိစ္စ အဆင်ပြေသွားမယ် ခံစားမိနေတာပါပဲ။ ”