ပွဲပန်းထားတဲ့ အသင်းသား ၇ ဦး၊ ဘလွန်းဒီအော ရေပန်းစားမှု၊ ကြယ်ပွင့်တွေကို ဆက်လက် ကင်းထောက်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

၂၀၂၅ ခုနှစ် ဘလွန်းဒီအောဆုအတွက် ရေပန်းစားစာရင်းမှာ လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့ကို ကျော်ပြီး မိုဆာလာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

မိုဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို စာချုပ်သစ်ပေးနိုင်ရေး လီဗာပူးဘက်က အပြင်းအထန် အားထုတ်နေတယ်လို့ စီအီးအိုဟောင်း ပီတာမိုးက ထုတ်ပြောသွားပါတယ်။

သူတို့ ၃ ဦးထဲက ဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကာ ၂၀၁၈ တုန်းက အသင်းကို ပြောင်းလာခဲ့တဲ့ ခရစ္စမတ်လောက်မှာ တရားဝင် ကြေညာချက် ထုတ်ပြန်လာမယ် မှန်းဆရပါတယ်။

ကလယ်ဟာ၊ ကိုနတေး၊ ရော်ဘတ်ဆန်၊ ဘရတ်ဒလေ၊ ဆိုဘိုစလိုင်၊ အန်ဒို၊ ဒီယက်ဇ်တို့ ၇ ဦးဟာ နိုင်ငံတကာသီတင်းပတ်မှာ ပွဲချိန် ၁၈၀ အပြည့် ကစားထားရတာမို့ အသင်းထံ ပြန်ရောက်လာရင် ပွဲကစားခွင့် ကန့်သတ်ခံရနိုင်ပါတယ်။

နည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ သက်တမ်းတိုးမှု ပြုလုပ်လိုက်ပြီဖြစ်ကာ နောက်ထပ် ၂ ရာသီဝန်းကျင် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေပါမယ်။

လီဗာပူးအသင်းနဲ့ မီလိုကာဇ်ကြား စကားပြောမှု ပြုလုပ်ခဲ့ကြပေမယ့် အပြောင်းအရွှေ့ဟာ ဇန်နဝါရီမှာထက် နွေကျမှဖြစ်လာလိမ့်မယ်လို့ ဟန်ဂေရီသတင်းထောက်က ဆိုပါတယ်။

ဒီအပတ် လီဗာပူးနဲ့ပွဲမှာ ဆောက်သမ်တန်ဂိုးသမား ရမ်ဒယ်စ်နဲ့ ခံစစ်မှူး ဘန်နာရက်တို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတကာသီတင်းပတ်အတွင်း စကော့တလန်အတွက် ခြေစွမ်းပြပေးမှုကြောင့် မက်ဒယ်ဘရော့မှာ ဗန်ဒုတ် ဘယ်လောက်ထိ တောက်ပပြမလဲ စောင့်ကြည့်လိုသူတွေ များပြားနေပါတယ်။

၎င်းကပဲ လီဗာပူးအသင်းဟာ ပီအက်စ်ဂျီရဲ့ တက်သစ်စ ကြယ်ပွင့်လေး Desire Doue ကိုလည်း နှစ်ခြိုက်မှုရှိနေကြောင်း ဆိုပါတယ်။

လီဗာပူး လူငယ်အသင်း နည်းပြဟောင်း Michael Beale ဟာ ဆော်ဒီလိဂ်မှာ စတီဗင်ဂျရတ်ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူမှု စတင်ပြီဖြစ်ပါတယ်။