ကလော့ပ်ခေတ်မှာ ချိန်ရွယ်ခြင်းမရှိတဲ့ ကစားသမားမျိုးတွေနဲ့ လီဗာပူးသတင်းထွက်လာ

နိုင်ငံတကာသီတင်းပတ်အတွင်း လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတွေထဲမှာတော့ မြင်ရခဲ့တဲ့ ပစ်မှတ်မျိုးတွေ ပါဝင်လာကြောင်း သတင်းထောက်အချို့က ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းဟာ FSG လက်ထက် အအောင်မြင်ဆုံးနည်းပြဖြစ်သူ ယာဂင်ကလော့ပ် လက်ထက်မှာတုန်းက ရေရှည်စီမံချက်တွေကိုပဲ ဦးစားပေးလေ့ရှိတာပါ။ အသင်းဟာ အနာဂတ်အတွက် ရည်ရွယ်တဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်တွေကိုပဲ ဦးစားပေး ခေါ်ယူလေ့ ရှိခဲ့ပါတယ်။

ဗန်ဒိုက်၊ အယ်လီဆန်၊ ဆာလာတို့လို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေဖြင့် ခေါ်ယူခဲ့တဲ့ ကစားသမားတွေကလွဲလို့ အသင်းဟာ အသက်အရွယ်အရ ၂၃ နှစ်အောက်တွေကိုပဲ ဦးစားပေးခဲ့တာဖြစ်ပါတယ်။

အာနယ် ဆလော့ လက်ထက်မှာတော့ ပထမဆုံး ခေါ်ယူမှုဟာ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ခီယေဆာဖြစ်ခဲ့သလို အကောင်းဆုံး အသက်အရွယ် စရောက်နေတဲ့ ကစားသမားမျိုးတွေအား အသင်းဘက်က ဆက်လက် ချိန်ရွယ်နေတယ်လို့ သတင်းထောက်တွေက ဖော်ပြလာတယ်။

အသင်းဟာ ဗဟိုခံစစ်အတွက် ပစ်မှတ်တစ်ခုအဖြစ် ဖူလ်ဟမ်အသင်းမှ Joachim Andersen လို ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမားမျိုးကို သဘောကျရိပ် ပြသနေပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒိန်းမတ်ခံစစ်မှူးဟာ ဒီနွေကမှ ပဲလေစ့်ကနေ ဖူလ်ဟမ်ကို ပေါင် သန်း ၃၀ ဖြင့် ပြောင်းရွှေ့ထားသူ ဖြစ်ပါတယ်။

ဆလော့ ကိုယ်တိုင်ကတော့ သူဟာ ရေရှည်ထက် ရေတိုကို ဦးစားပေးမယ့် နည်းပြလို့ ဝန်ခံထားပြီး ဒီအချက်ဟာ ကလော့ပ်နဲ့ အရမ်းကို ခြားနားတဲ့ အမြင်လည်းဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အသင်းရဲ့ ကင်းထောက်တွေက တစ်ဆင့် လူငယ်တွေကို အသားပေး စောင့်ကြည့်နေဆဲဖြစ်ပေမယ့် ၂၆ နှစ်အထက် ကစားသမားတွေကိုလည်း ပစ်မှတ်ထဲ ထည့်လာနေပြီး ဒါဟာ အာနယ် ဆလော့ခေတ်မှာ ထူးခြားတဲ့ အပြောင်းအလဲမျိုးလို့ သုံးသပ်ရပါတယ်။