NEWS: ဗန်ဒိုက်၊ ထရန့်၊ ဂျိုတာ၊ ခီယေဆာ၊ အယ်လီဆန်၊ ဟာဗေးတို့ရဲ့ ဒဏ်ရာ အခြေအနေ

ဆောက်သမ်တန်ပွဲကြို လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားများ အခြေအနေအတွက် အာနယ် ဆလော့ရဲ့ သတင်းပေးမှုတွေပဲ ဖြစ်ပါတယ်။

ဗန်ဒိုက် – ဗန်ဒိုက်အခြေအနေ အားလုံးကောင်းတယ်။ ဒီနေ့ သူ အသင်းနဲ့အတူပဲ လေ့ကျင့်ရေးဆင်းပါမယ်။

ထရန့် – ထရန့် အခုချိန်ထိ အသင်းနဲ့လေ့ကျင့်ရေး မဆင်းနိုင်သေးဘူး။ ဒါပေမယ့် သူ ပါလာမှာပါ။ မကြာခင် သူ ကျနော်တို့နဲ့အတူ လေ့ကျင့်ရေး ဝင်ပါလိမ့်မယ်။

ဟာဗေး – ဟာဗေးလည်း ကျနော်တို့နဲ့အတူ လေ့ကျင့်ရေး ဝင်နေပါပြီ။ သူမကစားနိုင်တာ သီတင်းပတ် အတော်လေး ကြာနေပေမယ့် ပြန်ပြီး လေ့ကျင့်ရေး ဝင်လာနိုင်တာ ကောင်းတာပါပဲ။

ဂျိုတာ – ဒီနေ့ လေ့ကျင့်ခန်း တစ်ချိန်လောက် ဝင်ပါခဲ့တဲ့ ခီယေဆာလိုပဲ ဂျိုတာကတော့ အခုထိ အသင်းလိုက် လေ့ကျင့်ရေး မပါနိုင်သေးပါဘူး။

ဒဏ်ရာရ ကစားသမား အားလုံး ပြန်လာနိုင်ဖို့ စောင့်နေပေမယ့် ပြန်လည်ကုစားမှု နောက်ဆုံးအဆင့်ဆိုတာက အမြဲတမ်း ခက်ခဲပါတယ်။ စောင့်ကြည့်ရမှာပါ။ ဗန်ဒိုက်တစ်ယောက်ကတော့ အားလုံး အိုကေပါတယ်။

သေချာလေး ပြောနိုင်တာ တစ်ခုကတော့ အယ်လီဆန်နဲ့ ဂျိုတာတို့က ရီးရဲလ်မက်ဒရစ်နဲ့ပွဲထိ ပါဝင်ကစားနိုင်ဖို့ မရှိပါဘူး။ ထရန့်ကတော့ ဒီကြားထဲ ပြန်ကစားနိုင်ပါလိမ့်မယ်။

လီဗာပူးအသင်းဟာ ပိတ်ရက်မှာ ဆောက်သမ်တန်နဲ့ပွဲအပြီး နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရပါမယ်။ ၄ ရက်ကြာပြီးရင် မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲ ပြန်ရှိမှာပဲ ဖြစ်ပါတယ်။