ရီးရဲလ်၊ မန်စီးတီးပွဲကို ကျော်မကြည့်တဲ့ အာနယ်၊ ခီယေဆာ ပြန်လာခြင်း၊ ဆောက်သမ်တန်ပွဲ လွဲမယ့်သူတွေ ရှိနခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ်ဖလား အကြောင်း စကားပြောမှာ မဟုတ်ဘဲ လာမယ့်ပွဲအကြောင်းပဲ စကားပြောမယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။ ပရီးမီးယားလိဂ်မှာက ရမှတ်ဆိုတာဟာ အချိန်မရွေး အပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။

ရေတိုကို အဓိက အာရုံစိုက်မယ်လို့ ကြွေးကြော်ထားတဲ့ နည်းပြဆလော့ကတော့ မန်စီးတီး၊ ရီးရဲလ်တို့ကို ဆက်တိုက်ရင်ဆိုင်ရမှာမို့ ဆိုပြီး ဆောက်သမ်တန်ပွဲ ပွဲထွက်လူစာရင်းကို လျော့ထုတ်မှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။

မန်စီးတီးဟာ ၁၈ နှစ်အတွင်း အဆိုးရွားဆုံး ရလဒ်ဆိုးတွေ ပိုင်ဆိုင်နေပြီး သူတို့ကို ရင်ဆိုင်ရချိန် အသာရခဲ့ရင် လီဗာပူးရဲ့ ချန်ပီယံဖြစ်နိုင်ချေက ထိုးတက်သွားမယ်လို့ စကိုင်းစပေါ့က ဖော်ပြလာပါတယ်။

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကတော့ လက်ရှိ သူ အထင်ကြီးဆုံး ကစားသမားက မိုဆာလာဖြစ်ပြီး မယုံနိုင်စရာ စွမ်းဆောင်ရည်တွေနဲ့အတူ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားပါလို့ ထင်မြင်ချက်ပေးပါတယ်။

ဟာဗေးနဲ့ ခီယေဆာတို့ဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ပြီဖြစ်ပါတယ်။ ဂျိုတာကတော့ တစ်ဦးချင်း ကြံ့ခိုင်မှုဆိုင်ရာ အပိုင်းလိုက် လေ့ကျင့်မှုတွေကိုပဲ အာရုံစိုက်နေပါတယ်။

ဥရောပကစားသမားတွေက မိုးဖွဲဖွဲနဲ့ ရာသီဥတု ချမ်းလွန်းလို့ ဂျာစီတွေထပ်ပြီး လေ့ကျင့်နေရချိန် မာဆေးဆိုဒ်သား ဂျေဒန်ဒန့်စ်က လက်တိုလေးနဲ့ ကွင်းထဲဆင်းသွားတာကြောင့် အီဘူး၊ ဂရာဗင်ဘက်ချ်တို့ မယုံနိုင်အောင် ဖြစ်နေပါတယ်။

လက်ရွေးစင်ပွဲမှာ စကော့အတွက် အနိုင်ဂိုးကို ခေါင်းတိုက် သွင်းခဲ့တဲ့ ရိုဘိုအား မင်း မျက်လုံးစုံမိတ်ပြီး တိုက်ပလိုက်တာ မဟုတ်လားလို့ ဗန်ဒိုက်က လိုက်စနေပါတယ်။

အယ်လီဆန် ဘက်ကာလည်း လေ့ကျင့်ရေး ပြန်ဝင်ပေမယ့် ဆောက်သမ်တန်ပွဲတော့ သူ ဖမ်းဦးမှာ မဟုတ်ပါဘူး။