လီဗာပူးအသင်းရဲ့ သမိုင်းစာမျက်နှာမှာ နာမည်ပါဝင်ခွင့် ဆုံးရှုံးခဲ့ကြောင်း ဝန်ခံလာတဲ့ ဂေါ့ဇီ

ကလော့ပ် လက်ထက် နာမည်ကြီးခဲ့တဲ့ အပြောင်းအရွှေ့ ကိစ္စတစ်ခုကတော့ ဂျာမာန်သား ဂေါ့ဇီရဲ့ လီဗာပူးထံ ပြောင်းလာဖို့ ငြင်းပယ်ခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

၂၀၁၆ နွေစျေးကွက်မတိုင်ခင်မှာ ကလော့ပ်ဟာ သူ့ရဲ့ တပည့်ကျော် ဂေါ့ဇီကို အင်္ဂလန်ကို ပြောင်းလာဖို့အား နေအိမ်ထိဖိတ်ကာ စည်းရုံးခဲ့ပါတယ်။ ဒါပေမယ့် ဆုဖလားကြီးတွေ အောင်မြင်လိုစိတ်နဲ့ ဂေါ့ဇီက ဒီကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ The Player’s Tribune အစီအစဉ်ကမှ တစ်ဆင့် ဂေါ့ဇီ ပြောပြရာမှာ “ ၂၀၁၆ တုန်းက လီဗာပူးလို့ ခေါ်တဲ့ အင်္ဂလန်ရဲ့ ကျော်ကြားတဲ့ ကလပ်ထံ ပြောင်းဖို့ နီးစပ်ခဲ့ပါတယ်။ အဲ့တုန်းက နည်းပြက ယာဂင်ကလော့ပ်ပါ။

လီဗာပူးက သူ့ရဲ့ နေအိမ်မှာ ကျနော်တို့ရဲ့ ဇနီးဖြစ်သူတွေနဲ့အတူ အတူတကွထိုင်ပြီး စကားပြောခဲ့တယ်။ ယာဂင်က လီဗာပူးကို ပြောင်းလာဖို့နဲ့ သူ့ကျနော်ကို အလိုရှိတယ်လို့ ပြောခဲ့တယ်။ လီဗာပူးအသင်းက သိပ်ကောင်းကြောင်းနဲ့ အပြောင်းအရွှေ့ကို စဉ်းစားဖို့ပေါ့။

ကျနော်လည်း ဆုဖလားတွေ အောင်မြင်ချင်ပါတယ်။ လီဗာပူးက အင်္ဂလန်မှာ အဲ့တုန်းက အဆင့် ၈ လေ။ ဒေါ့မွန်က ဂျာမနီမှာ အဆင့် ၂။ ဒီတော့ ယာဂင်နဲ့အတူ အလုပ်တွဲလုပ်ဖို့ ကျနော် ငြင်းခဲ့မိတယ်။ ဒါကြောင့်ပဲ သူနဲ့အတူ သိပ်ကောင်းတဲ့ ခရီးလမ်းကို လျှောက်လှမ်းခွင့်အား ဆုံးရှုံးခဲ့ရပါတယ် ” လို့ ဝန်ခံခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ အဆိုပါစျေးကွက်မှာ ဂေါ့ဇီကို မရတဲ့နောက် ဒုတိယပစ်မှတ်ဖြစ်တဲ့ ဆောက်သမ်တန်ကနေ မာနေးကို ပြောင်းလဲ ခေါ်ယူခဲ့ကာ ဆာ၊ ဖာ၊ မာ တိုက်စစ်ကို စုဖွဲ့ဖို့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။