

ဒီကနေ့ည ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်ရမယ်ဆိုရင် လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်ထိ ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။
စနေနေ့ညကပွဲမှာ မန်စီးတီးတို့ စပါးကို ၄-၀ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ဖလားပြိုင်ဆိုင်မှုထဲ အာဆင်နယ်အသင်း ပြန်ဝင်လာဖို့ အခွင့်အရေးဖြစ်သလို ဒီနှစ်က အာဆင်နယ်နှစ်လို့ ဂယ်ရီနဗီးက စကိုင်းစပေါ့ကနေ ခန့်မှန်းချက် ထုတ်သွားပါတယ်။
အန်ဖီးကွင်းမှာ လီဗာပူးကို အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ အားထုတ်မယ်လို့ စီးတီးအသင်းခေါင်းဆောင် ဝေါ်ကာက စပါးနဲ့ရှုံးပွဲအပြီး ပြောပါတယ်။
အီတလီဂရိတ်ခံစစ်မှူးဟောင်း မာဒီနီက သူဟာ အထင်ကရ ခံစစ်သမားတွေဖြစ်တဲ့ Nesta, Baresi, Cannavaro တို့နဲ့အတူ တွဲကစားခဲ့ဖူးပေမယ့် ဗန်ဒိုက်နဲ့အတူ တွဲကစားဖူးချင်တယ်လို့ ထုတ်ပြောသွားပါတယ်။
တောင်အမေရိကကနေ ပြန်လာတဲ့ မာကာ၊ ဒါဝင်၊ ဒီယက်ဇ်တို့ကို ပွဲထွက်မှာ သုံးသင့် မသုံးသင့် နည်းပြအာနယ် ဆလော့ စဉ်းစားနေဆဲပါ။ သူတို့ ပွဲပန်းနေမယ်ဆိုရင် စွမ်းဆောင်ရည်ကျဆင်းမှုနဲ့ ဒဏ်ရာ ပြဿနာ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲကို နည်းပြအဖွဲ့က တွက်ချက်နေတာ ဖြစ်ပါတယ်။
စိန့်နဲ့ပွဲအတွက် ညာအစွန်လူအဖြစ် ထရန့် မပါနိုင်သေးဘဲ ဘရတ်ဒလေ ပွဲထွက်လာဖို့ ရှိနေပါတယ်။
ဆောက်သမ်တန်ပွဲကြိုမှာ ကွင်းလယ်လူ လယ်လာနာရဲ့ အန်ဖီးနေ့ရက်တွေမှာ လူငယ်ကစားသမားတွေအပေါ် ကြင်နာပေးမှုအား ကလယ်ဟာက ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။
လူမှုကွန်ယက်ပေါ်မှာ လီဗာပူးပရိသတ်တွေကတော့ အရမ်းကြီး စိတ်မလှုပ်ရှားဖို့၊ တက်ကြွလွန်မနေဖို့၊ ရှေ့ကို ကျော်မကြည့်ဖို့ သတိပေးနေပြီး ရောက်လာမယ့် ၁ ပွဲချင်းကိုပဲ အာရုံစိုက်ဖို့ တိုက်တွန်းနေကြပါတယ်။
ယာဂင်ကလော့ပ်က လီဗာပူးမြို့က သူ့အိမ်မှာ ခေါ်ယူ စည်းရုံးခဲ့ပေမယ့် လီဗာပူးကို ငြင်းဆန်ခဲ့မိကြောင်း ဂျာမာန်ကစားသမား ဂေါ့ဇီက ဝန်ခံပါတယ်။
တိုက်စစ်သမား ခီယေဆာဟာ ဇန်နဝါရီမှာ အသင်းပြောင်းမှာ မဟုတ်သလို အငှားဖြင့်လည်း ထွက်ခွာဖွယ် မရှိပါဘူး။