

အာနယ် ဆလော့ကတော့ ပရီးမီးယားလိဂ် ရာသီအစောပိုင်းမှာတင် လီဗာပူးအသင်းက ဇယားထိပ်ရောက်နေခြင်းအတွက် ပိုင်ရှင်တွေထံက ထူးပြီး ဂုဏ်ပြုပေးတာမျိုး မရှိပါဘူးလို့ တုန့်ပြန်လာပါတယ်။
နည်းပြအပြောင်းအလဲမှာ ဘယ်သူမှ မထင်ထားကြပေမယ့် အာနယ် ဆလော့ရဲ့ အသင်းက ဇယားထိပ်ကို ၅ မှတ်ထိ ဖြတ်ထားနိုင်တာပါ။ ဒီအနေအထားအပေါ် အထက်က ပုဂ္ဂိုလ်တွေရဲ့ တုန့်ပြန်ချက် ဘယ်လိုရှိလဲလို့ သတင်းသမားတွေက မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
နယ်သာလန်သားကပဲ လီဗာပူးက သူ့လက်ထက်မှာ အဆင့် ၁ နေရာကို တက်ရောက်ဖူးတာမျိုး မဟုတ်ဘဲ လမ်းခုလတ်လောက် အရှိန်ကောင်းနေခြင်းကို အသင်းဘက်က ပျော်ရွှင်မြူးထူးနေခြင်း မရှိဘူးလို့ ပြောပါတယ်။
ဇယားထိပ်ရောက်နေခြင်းကြောင့် FSG ထံကနေ ချီးကျူးတဲ့ တိုက်ရိုက်မက်ဆေ့တွေ ရောက်မလာဘူးလားလို့ မေးခံရချိန်မှာ “ ဟုတ်ပါတယ်။ ရောက်မလာပါဘူး။ ဒါပေမယ့် ကျနော်တို့ အခုမှ ၁၁ ပွဲပဲ ကစားရသေးတာဖြစ်ပါတယ်။ အထူးအခြားကြီးတွေ လုပ်နေဖို့ မလိုပါဘူး။
အခုလို ဇယားထိပ်မှာ ရှိနေရတာကလည်း လီဗာပူးအသင်းသမိုင်း ပထမဆုံးလည်း မဟုတ်ပါဘူး။ ပိုင်ရှင်တွေက အရမ်းကြီးဖြစ်ပြနေမယ် မထင်ပါဘူး။ ကျနော်နဲ့ ကစားသမားတွေလည်း အတူတူပါပဲ။
အသင်းပိုင်ရှင်တွေက ရလဒ်ကြောင့်ထက် ကျနော်တို့ရဲ့ ကစားဟန်၊ ဒီကမှတဆင့် ရလဒ်ယူနိုင်ခြင်းတွေကို ပျော်ရွှင်ကြမယ်လို့ ယူဆရပါတယ်။ ကစားဟန်က ကျနော်တို့ မျှော်လင့်ထားတဲ့ ကိစ္စပါ။ ဒါကပဲ အကောင်းမြင်စရာဖြစ်ပါတယ် ” လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။