လူချန်တာ မဟုတ်ပေမယ့် အဓိက ကစားသမား အချို့ အနားပေးခံရနိုင်တဲ့ စိန့်ပွဲအတွက် ဖြစ်လာဖွယ် လူစာရင်း

ဒီကနေ့ညမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဆောက်သမ်တန်အသင်းကွင်းထံ သွားပြီး အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Team news

  • ဗန်ဒိုက် ပွဲထွက်နိုင်မှာဖြစ်ပါတယ်။
  • အယ်လီဆန်၊ ဂျိုတာတို့ စိန့်ပွဲကော မက်ဒရစ်ပွဲပါ လွဲပါမယ်။ ထရန့်လည်း ၂ ပွဲလုံး လွဲဖွယ်ရှိပါတယ်။
  • ဟာဗေးကတော့ စိန့်ပွဲ ပွဲနေ့လူစာရင်းထဲ ပါလာပါမယ်။
  • ခီယေဆာ ပါနိုင်မှာ မဟုတ်ဘဲ လေ့ကျင့်ရေးမှာပဲ အခြေအနေကြည့်မှာပါ။
  • ဒါဝင်၊ ဒီယက်ဇ်၊ မာကာတို့ကို ထည့်သုံးဖို့ မသေချာသေးပါဘူး။

Liverpool’s XI vs. Southampton

ပထမဦးဆုံးကတော့ ဒီပွဲဟာ နိုင်ရမယ့်ပွဲဆိုပေမယ့် အဓိက ကစားသမား အချို့ကို ထည့်သုံးသင့် မသုံးသင့် စဉ်းစားနေဆဲဖြစ်ပါတယ်။ အဓိကအားဖြင့် တောင်အမေရိက ကစားသမား ၃ ယောက်ပွဲကစားရဖို့ မသေချာပါဘူး။

နိုင်ငံတကာသီတင်းပတ်အတွင်း ပွဲချိန် ၁၈၀ အပြည့် ကစားထားတဲ့ အသင်းသား ၇ ယောက်ထဲမှာ တောင်အမေရိက ၃ ယောက်လည်း ပါဝင်ထားပြီး ခရီးဝေးလည်း သွားထားရတာပါ။ ပွဲနေ့မတိုင်ခင် လေ့ကျင့်ရေးမှာ သူ့တို့ရဲ့ ကြံ့ခိုင်မှုနဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်းမကျရင် ထည့်ကန်မှာ မဟုတ်ပါဘူး။

ဂိုးသမားနေရာ ကလယ်ဟာဖြစ်လာဖို့ရှိပြီး ခံစစ်က ဘရတ်ဒလေ၊ ကိုနတေး၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်တို့ ဖြစ်လာဖို့ ရှိပါတယ်။ ရော်ဘတ်ဆန်ကလည်း နိုင်ငံပွဲကို မိနစ် ၁၈၀ အပြည့် ကစားထားပေမယ့် ဘရတ်ဒလေ ပါလာလို့ ခံစစ်မှာ သမ္ဘာပိုရင့်တဲ့ ရိုဘိုကို ရွေးဖွယ် ရှိတာပါ။

ကွင်းလယ်က ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘို အတွဲက ဖြစ်နိုင်ချေ အရှိဆုံးဖြစ်ပြီး မာကာ မပါနိုင်ရင် ဂျုံးပါလာနိုင်ပါတယ်။ ဂရာဗင်ဘက်ချ်၊ ဂျုံး၊ ဟာဗေး အတွဲကလည်း ဖြစ်နိုင်ချေရှိပေမယ့် ဒီရာသီမှာ ဟာဗေးက ပွဲသိပ်မကစားရသေးတာမို့ အရန်ကပဲ ပါလာမယ် မျှော်လင့်ထားပါတယ်။

တိုက်စစ်မှာ ဆာလာနဲ့ ဂက်ပိုကို ဒါဝင် ဒါမှမဟုတ် ဒီယက်စ် တစ်ဦးဦးဖြင့် တွဲပေးဖွယ် ရှိပါတယ်။ ဒီပွဲပြီးရင်း မက်ဒရစ်၊ မန်စီးတီးတို့ကို အိမ်ကွင်းမှာ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာနယ် ဆလော့ကတော့ စိန့်ပွဲကိုပဲ အာရုံစိုက်မယ် ပြောထားတာဖြစ်ပါတယ်။