အမှတ်ပေးဇယား ၈ မှတ်ထိ ဖြတ်လိုက်ခြင်း၊ ဆာလာကို ယုံကြည်တယ် ဆိုတဲ့ အာနယ် ဆလော့၊ မန်စီးတီးကို အထင်မသေးခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာ လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်ဖြတ်ပြီး လိဂ်အား ပြတ်ပြတ်သားသား စတင် ဦးဆောင်နေပြီဖြစ်ပါတယ်။

ဆောက်သမ်တန်ပွဲမှာ ပွဲချိန် မိနစ် ၇၀ ကစလို့ လီဗာပူးအသင်း ခြေပဂိုးသွင်းတဲ့ ၈၂ မိနစ်အထိ စိန့်အသင်းကစားသမားတွေဟာ ဘောလုံး တစ်ချက်တောင် မထိနိုင်ခဲ့ဘဲ အသင်းရဲ့ ထိုးဖောက်မှုကို ခုခံခဲ့ရပါတယ်။

ပွဲအတွင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို သဘောကျပါဘူးလို့ ဆောက်သမ်တန် နည်းပြက ပြောပါတယ်။ သူကတော့ စိန့်တိုက်စစ်သမားက ကလယ်ဟာနဲ့ ထိတွေ့မှုဖြစ်ခဲ့တဲ့ တစ်ကြိမ်ကို ပင်နယ်တီ ရသင့်တယ်လို့ မြင်ပါတယ်။

ဆောက်သမ်တန်ပွဲမှာ မိုဆာလာရဲ့ ဒုတိယပိုင်းအတွင်း ချွန်ထွက်လာတဲ့ ခြေစွမ်းကို မြင်ရတဲ့နောက် ပရိသတ်တွေကတော့ စာချုပ်သစ် အမြန်ပေးပါတော့ ဆိုပြီး အသင်းကို တောင်းဆိုနေကြပါပြီ။

အခုချိန်မှာ ဘာပဲဖြစ်နေနေ မန်စီးတီးဟာ ချန်ပီယံတွေဖြစ်တယ် နည်းပြကောင်း ကစားသမားကောင်းတွေနဲ့အတူ လဲကျနေရင်တောင် ပြန်ထနိုင်စွမ်းရှိတယ်လို့ ဆာလာက သတိပေးပါတယ်။

ရလဒ်အတွက် အရမ်းကြီး ပျော်ရွှင်မြူးထူး နေတာမျိုး မဟုတ်ပေမယ့် ဆောက်သမ်တန်ကို ၂-၁ ရှုံးနေရာကနေ နာရီဝက်အတွင်း ၃-၂ ပြန်ဖြစ်အောင် လုပ်နိုင်ခြင်းအတွက် ပျော်ပါတယ်လို့ အာနယ် ဆလော့က ထုတ်ပြောပါတယ်။

ပွဲအတွင်းမှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ မိုဟာ အသင်းအတွက် ရအောင် အားထုတ်ပေးမယ်ဆိုတဲ့ ယုံကြည်ချက် ရှိတယ်လို့လည်း ဆလော့က ဆိုပါတယ်။

မိုဆာလာက ရှေ့ဆက်နေဆဲဆိုတာ အားလုံးလည်း မြင်ကြမှာဖြစ်ပြီး တတ်နိုင်သလောက် အချိန်ကြာကြာ မိုနဲ့ တွဲဘက်ကစားလိုတယ်လို့ ဆိုဘိုက ထုတ်ပြောပါတယ်။

လီဗာပူးအသင်းဟာ ခက်ခဲမယ့် ပရီးမီးယားလိဂ် ၃ ပွဲကို ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ကာ လက်ရှိ ချန်ပီယံ မန်စီးတီးကို အိမ်ကွင်း၊ နယူးကာဆယ်ကို အဝေးကွင်း၊ အဲဗာတန်ကို အဝေးကွင်းတွေဖြစ်ပါတယ်။

ဖရန့်ဖတ် အားကစားဒါရိုက်တာကတော့ မာမိုစ့်အတွက် လီဗာပူးအသင်းထံက တရားဝင် ကမ်းလှမ်းမှု မရသေးပါဘူးလို့ ထုတ်ပြောသွားပါတယ်။