

ဒီရာသီကုန်ရင် လီဗာပူးကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့ အသင်းဖော် ဖာမီနို အတွက် အန်ဒီ ရော်ဘတ်ဆန် ကတော့ သူ့ရင်ဘတ်ကြီးထဲ ရှိတာတွေ ဖွင့်ဟပြီး ကြေကွဲစွာ နှုတ်ဆက် စကား ဆိုလာခဲ့ပါတယ်။
ရော်ဘတ်ဆန်ရဲ့ ရင်ထဲကစကားသံတွေကို အခုလို ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။
လီဗာပူးအသင်း အတွက် ဘော်ဘီ ဘာတွေ လုပ်ဆောင်ပေးခဲ့သလဲ ဆိုတာ အကောင်းဆုံး စကားလုံးနဲ့ ပုံဖော်ရမယ် ဆိုရင်ဗျာ .. သူ မပါဘဲနဲ့ ဘာမှ လုပ်ဖို့ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး ဆိုတာပဲ..။
ကျနော်တို့ ကစားချင်တဲ့ ပုံစံ၊ ကျနော်တို့ ပုံဖော်နေတဲ့ လုပ်ငန်း၊ အစစ အရာရာက ဘော်ဘီကနေ စတင်တာပါ။ သူ့ရဲ့ pressing ၊ နည်းစနစ်ပိုင်း ပိုင်နိုင်မှုတွေနဲ့ စ ရတာပါ။ သူက ကျနော်တို့ရဲ့ main man ပဲ။
အကောင်းဆုံး အခိုက်အတန့်တွေကို ကျနေ်ာတို့ ပြန်ကြည့်မယ် ဆိုရင် ဘော်ဘီက အမြဲတမ်း ပါနေတာ တွေ့ရမယ်။ ကျနော်တို့ ရယူခဲ့တဲ့ အောင်မြင်မှုတွေ အတွက် သူက အကူအညီပေးခဲ့သူ၊ အရေးကြီး ကစားသမားပါ။
သူက ကမ္ဘာ့အဆင့်ပဲ။ ဘောလုံးကို သူ့ခြေထဲမှာ ထားပြီး သူ မလုပ်နိုင်တာ ဘာမှ မရှိဘူး။ ဘောလုံး မပါဘဲနဲ့လည်း တခြားသူတွေကို သူ လိုက်ရတဲ့အခါ.. သူ မလုပ်နိုင်တာ ဘာမှ မရှိဘူး။ သူ့ရဲ့ လုပ်အားနှုန်း၊ အားထုတ်မှုတွေက အမြဲတမ်း ၁၀၀% အပြည့် ရှိတယ်။
သူက ကျနေ်ာတို့ ကို စင်တင်ပေးတဲ့၊ ပံ့ပိုးပေးတဲ့ အခိုက်အတန့်တွေ အများကြီးကို ရှိခဲ့တယ်။ သူက တကယ်လည်း အံ့သြစရာ ကောင်းတဲ့သူပါ။ သူမှာ ဒဏ်ရာတွေနဲ့ ပဲ ဖြစ်ဖြစ် ဘယ်လို ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိပါစေ၊ ကြည့်လိုက်ရင် အမြဲ ပြုံးနေတော့တာပဲ။ တကယ်ကို ခွန်အားကောင်းတွေ ကူးပေးနိုင်သူပါ။
ခင်ဗျားသာ စိတ်ညစ်နေရင် ဘော်ဘီကိုသာ ကြည့်လိုက်၊ သူ့ရဲ့ အပြုံးမျက်နှာ မြင်လိုက်ရရင် ကျနော်တို့ အားလုံး စိတ်ဓာတ် ပြန်တက်ပြီး တက်ကြွသွားစေတယ်။ သူက အဝတ်လဲခန်းမှာရော ကွင်းထဲမှာပါ အမြဲ လွမ်းနေရတော့မယ့် သူပါ။
ကျနော့် အကြိုက်ဆုံး ဘော်ဘီရဲ့ အခိုက်အတန့်ကတော့ အိမ်ကွင်းမှာ အာဆင်နယ်ကို သူ ဟက်ထရစ်သွင်းတာပဲ (ဒီဇင်ဘာ ၂၀၁၈ တုန်းက)။ ကျနေ်ာတို့ တုန့်ပြန် ကစားခဲ့ပုံက ၅-၁ ထိ နိုင်သွားတာ မယုံနိုင်စရာပဲ၊ အဲဒါကို ဘော်ဘီ စခဲ့တာ။
ဘော်ဘီက အာဆင်နယ် ကစားသမား ၅ ယောက် လောက်ကို ကျော်ဖြတ် လိမ်ခေါက် တက်သွားတော့တာ။ ဒါက သူ ဘယ်လောက်တောင် ပါရမီ ရှိပြီး ထူးချွန်တဲ့ ကစားသမားလဲ မြင်သာစေခဲ့တယ်။ ဘောလုံး ဦးနှောက် ဘယ်လောက် ကောင်းလဲ တွေ့စေခဲ့တယ်။
” ဘော်ဘီရေ.. မင်းကို ငါတို့ အမြဲ လွမ်းနေတော့မှာ။ လွန်ခဲ့တဲ့ ၆ နှစ်တာလုံး မင်းနဲ့ အတူ ကစားခဲ့တဲ့ အခိုက်အတန့်တိုင်းကို ချစ်မြတ်နိုးနေတော့မှာ။ တကယ်ကို အံ့ဖွယ် အချိန်တွေပဲ။ မင်းက တကယ့် ထူးရှယ် ကစားသမား ဖြစ်တယ်။ အဝတ်လဲခန်းမှာ အတူရှိရတဲ့ စပါယ်ရှယ် ပုဂ္ဂိုလ်ပါပဲ။ ငါကတော့ မင်းနဲ့မင်းမိသားစုဟာ အနာဂတ် ဘယ်မှမဆို အကောင်းဆုံးတွေ ပိုင်ဆိုင်ပါစေ ဆန္ဒပြုပါတယ်။ မင်းက ဘယ်နေရာကို သွားသွား အောင်မြင်မယ် ဆိုတာ ငါတော့ သိထားပြီးသား။ ❤️ ” ..
– အန်ဒီ ရော်ဘတ်ဆန်