BREAKING: လီဗာပူးမှာ ဆက်နေဖို့ထက် ထွ-က်-သွား-ဖို့ ပိုများကြောင်း ဆာလာ ပြောပြီ

အပျိုးတွေ ရေးမနေတော့ပါဘူး။ လိုရင်းပဲ ပြောပါမယ်။ ဆောက်သမ်တန်ပွဲအပြီးမှာ ဆာလာက စာချုပ်ကိစ္စ ကြာနေတာ သူ့အတွက် အဆင်မပြေဘူးလို့ အင်္ဂလန်သတင်းထောက်တွေထံ ထုတ်ပြောပါတယ်။ သူ ဘာပြောလဲ အရင်ဖတ်ကြည့်ပါ။

ဆာလာက “ ဒီဇင်ဘာတောင် ရောက်လုနေပါပြီ။ အခုချိန်ထိ အသင်းဘက်က ကမ်းလှမ်းလာတာမျိုး ကျနော် မရသေးပါဘူး။ ကျနော် ဆက်နေဖို့ထက် ထွက်သွားဖို့များနေပါပြီ။

အသင်းမှာ ကျနော် ရှိနေတာ နှစ်တွေ အတော်လေး ကြာနေပါပြီ။ လီဗာပူးလို အသင်းမျိုးလည်း မရှိနိုင်တော့ဘူး။ ဒါပေမယ့် စာချုပ်ကိစ္စက ကျနော် လက်ထဲမှာ မဟုတ်ပါဘူး။ ကျနော် ပြောသလိုပဲ ဒီဇင်ဘာတောင် ရောက်လာတော့မယ် အာနဂတ်ကိစ္စ ဘာတစ်ခုမှ မကြားသိရသေးဘူး။

ပရိသတ်တွေကို ကျနော် ချစ်ပါတယ်။ ပရိသတ်တွေကလည်း ကျနော်ကို ချစ်ကြတယ်။ စာချုပ်ကိစ္စက ကျနော် လက်ထက်မှာကော ပရိသတ်တွေ လက်ထဲမှာပါ ရှိမနေပါဘူး။ စောင့်ကြည့်ကြရအောင်ပါ။

ကျနော်က ပရော်ဖက်ရှင်နယ်စိတ် အပြည့်ရှိသူပါ။ ကျနော်ရဲ့ အလုပ်အပေါ် လေးစား အားထုတ်မှုကို အားလုံးလည်း မြင်ပါတယ်။ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ တတ်နိုင်သလောက် အမြင့်ဆုံးလယ်ဗယ်မှာပဲ ကစားချင်ပါတယ်။ အသင်းအတွက် အကောင်းဆုံး ကြိုးစားပါမယ်။ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရအောင်ဗျာ ” လို့ ပြောခဲ့ပါတယ်။

ဒီသတင်း ထွက်ပြီးပြီးချင်း လီဗာပူးအသင်းဘက်က ဆာလာရဲ့ မီဒီယာကနေ ဖွင့်ချမှုကို သဘောမကျကြောင်း သတင်းထောက် James Pearce က The Athletic ကနေ ရေးသွားပါတယ်။

မက်ဒရစ်နဲ့ မန်စီးတီးတို့ကို ယှဉ်ပြိုင်ရမယ့် ပွဲကြီးပွဲကောင်းတွေ မတိုင်ခင် ဒီလိုကြီး ထုတ်ပြောတာဟာ ချိန်သားကိုက် ပြောသင့်တဲ့ စကားမျိုး မဟုတ်ဘူးလို့ လီဗာပူးအသင်းဘက်က မြင်ပါတယ်။

သီတင်းပတ်တွေ ကုန်လာပြီးမှ အခုချိန်ထိ တိုးတက်မလာတာကို ဆာလာ စိတ်ပျက်တာမျိုးကလည်း ဖြစ်သင့်တဲ့ အခြေအနေဆိုပေမယ့် လီဗာပူးဒါရိုက်တာ ရစ်ချက်ဟုချ်နဲ့ ဆာလာအေးဂျင့် Ramy Abbas တို့ဟာ နှုတ်အားဖြင့်ပဲ ဆွေးနွေးနေကြဦးမှာဖြစ်ကာ ပြီးမှ တရားဝင်ကိစ္စတွေထံ တက်လှမ်းမယ်လို့ သိရပါတယ်။