အန်းဖီးမှာ ဒူးထောက်ခဲ့ရပြီးနောက် အန်ဆယ်လော့တီနဲ့ ဘယ်လင်ဟမ်တို့ရဲ့ လီဗာပူးအသင်းအပေါ် အထင်ကြီး ဝန်ခံချက်

မနေ့ညက အန်းဖီးမှာ လီဗာပူးအသင်းကို ၂-ဝ နဲ့ ဂိုးပြတ် အရေးနိမ့်ပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီနဲ့ ရီးရဲလ် ကွင်းလယ်သမား ဘယ်လင်ဟမ်တို့က ပွဲအပြီးမှာ လီဗာပူးကို ချီးကျူးစကားတွေ ဆိုခဲ့ကြပါတယ်။

အန်ဆယ်လော့တီက လီဗာပူးအသင်းဟာ သူတို့အတွက် အခက်ခဲဆုံး ပြိုင်ဘက်လို့ တင်စားခဲ့ပါတယ်။

” ကျွန်တော့် အသင်း ကစားသွားတာကို သဘောကျပါတယ်။ ကျွန်တေ်ာတို့က ဥရောပမှာ အခက်ခဲဆုံး ပြိုင်ဘက်အသင်းကို ရင်ဆိုင်ခဲ့ရတာပါ။ သူတို့က နိုင်ဖို့လည်း ထိုက်တန်တယ်။ ဒါကို ရိုးရိုးသားသား ဝန်ခံရပါမယ်။

အခုနေမှာ သူတို့က ကောင်းမွန်တဲ့ စုဖွဲ့မှု ရတယ်။ ခြေစွမ်းကောင်းတယ်။ high intensity နဲ့ သေချာ ချိတ်ဆက် ကစားနိုင်ကြတယ်။ ” လို့ ပြောဆို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

တချိန်က လီဗာပူးနဲ့ သတင်းထွက်ခဲ့သေးပြီး ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ခဲ့တဲ့ ဘယ်လင်ဟမ်ကလည်း လီဗာပူးက ဥရောပ အကောင်းဆုံး အသင်း လို့ ပွဲအပြီးမှာ ဆိုပါတယ်။

” ပွဲအစ ပထမ မိနစ်တည်းက စလို့ သူတို့က ထိန်းချုပ် ကစားသွားနိုင်ခဲ့တယ် လို့ ပြောရမယ် ထင်တယ်။ ကျွန်တော်တို့ လုပ်နိုင်စွမ်းတွေကို အမြင့်ဆုံးထိ မလုပ်ပြနိုင်ခဲ့ဘူး။

ပွဲရလဒ်က မကောင်းဘူး ဆိုပေမယ့် ဥရောပ အကောင်းဆုံး စွမ်းဆောင်ရည် ရှိနေတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာ ဖြစ်လို့ ဒီကိုလာပြီး ရှုံးနိမ့်ရတာ အခြေအနေဆိုးကြီး လို့ ပြော မရပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ကတော့ ကိုယ့်အသင်း စွမ်းဆောင်ရည်ကို စိတ်ပျက်မိပါတယ်။ ” လို့ အင်္ဂလန်သားက ဆိုခဲ့ပါတယ်။