ဆာလာ စာချုပ်ကိစ္စ ပွက်လောရိုက်နေချိန်မှာပဲ ရီးရဲလ်မက်ဒရစ်ပွဲအပြီး မီဒီယာသမားတွေက ဗန်ဒိုက်ကိုလည်း တူညီတဲ့မေးခွန်း မေးခဲ့ကြပါတယ်။
စပိန်သတင်းထောက် တစ်ဦးက တစ်ခုတည်းသော မေးခွန်းအဖြစ် မင်း လီဗာပူးမှာ ဆက်နေမှာလား? လို့ မေးရာမှာ
ဗန်ဒိုက်က ရယ်မောပြီး ” မင်းက တိုက်ရိုက်ကြီးကို မေးတော့တာပါလား၊ ငါ့ကို ဒီလိုကြီး တည့်တိုးမေးတယ်ပေါ့ ” လို့ ကနဦး တုန့်ပြန်တယ်။
သူကပဲ ဆက်လက်ပြီး “ ဟုတ်ပြီလေး နားထောင်ကွာ။ လက်တလောမှာ ငါဘက်က ပြောပေးစရာ ဘာသတင်းမှ မရှိသေးဘူး။ ငါ ပြောနိုင်တာ တစ်ခုတည်းက အခုချိန်မှာ မန်စီးတီးနဲ့ပွဲကိုပဲ အာရုံစို်က်နေပါတယ် ” လို့ ဖြေပါတယ်။
စီးတီးတို့ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်နေပြီး ရလဒ်တွေ မကောင်းဖြစ်နေပေမယ့် ဗန်ဒိုက်ကတော့ အထင်မသေးပါဘူး။
“ အခုချိန်မှာ မန်စီးတီးက အကောင်းဆုံး ပုံစံမှာ ရှိမနေဘူးပေါ့လေ။ ဒဏ်ရာတွေကြောင့် အခုလိုဖြစ်နေတာလို့ ထင်မိတယ်။ ငါတို့လည်း ဒဏ်ရာ ပြဿနာတွေ များခဲ့တုန်းက သူတို့လို အခြေအနေကို ရင်ဆိုင်ဖူးပါတယ်။
ရလဒ်တွေ ပြန်ယူနိုင်စွမ်းနဲ့ ယုံကြည်မှု ပြန်တည်ဆောက်နိုင်ဖို့ ခက်ခဲခဲ့တာပေါ့။ ဒါပေမယ့် ဘောလုံးအကြောင်း နားလည်သူတိုင်းက အရင်နှစ်တွေမှာ ပြသထားတဲ့ မန်စီးတီးဟာ ဘယ်အခြေအနေကိုမဆို အပြောင်းအလဲ ပြန်လုပ်နိုင်တာကို သိကြပါတယ်။
တနင်္ဂနွေနေ့တော့ မဟုတ်ပါစေနဲ့ဦးပေါ့ကွာ။ ဒါပေမယ့် ရလဒ်အတွက် ငါတို့ အစွမ်းကုန် အားထုတ်မှာပါ။ ဒါက ငါတို့ရဲ့ ရည်မှန်းချက်ပါပဲ ” လို့ ဗန်ဒိုက်က ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။