ညာအစွန်လူ ဘရတ်ဒလေဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဒီဇင်ဘာလ ပွဲစဉ်တွေကို လွဲချော်သွားဖို့ များနေပါတယ်။
ခံစစ်မှူး ကိုနတေးဟာ ပြင်းထန် ဒဏ်ရာ အခြေအနေကနေ ရှောင်လွဲနိုင်ခဲ့ပေမယ့် ဒီအပတ် မန်စီးတီးပွဲကို လွဲဖွယ်ရှိနေပါတယ်။ ကိုနတေးက ကွင်းပြင်ကို လမ်းလျှောက်ပြီးတောင် မထွက်သွားနိုင်ဘူးလို့ သိရပါတယ်။
ဒီအပတ် ချန်ပီယံလိဂ် အကောင်းဆုံးအသင်းထဲမှာ မာကာနဲ့ ကလယ်ဟာတို့ ၂ ဦး ပါဝင်လာပါတယ်။
မန်စီးတီးပွဲမှာ ညာအစွန်လူ ထရန့် ပွဲထွက်လူစာရင်းကနေ ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။
လီဗာပူးအဝတ်လဲခန်းက ဆာလာကို ဝေဖန်ခြင်းအတွက် ကာရေဂါကို သိပ်မကြည်ဘူးလို့ ရော်ဘတ်ဆန်က အင်တာဗျူးကနေ မာဆေးဆိုဒ်သားကို တည့်တိုး ပြန်ဖြေပေးခဲ့ပါတယ်။
ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ရဲ့ စာချုပ်သစ် ကိစ္စတွေဟာ ယခင်လကတည်းက စကားပြောမှု စတင်နေခဲ့ပြီဖြစ်ပါတယ်။ ရှေ့ဆက်နေဆဲဖြစ်ပေမယ့် အခုချိန်ထိ တိုးတက်တဲ့ အခြေအနေထံ ရောက်နေပြီလို့ မကြားသိရပါဘူး။
မိုဆာလာဟာ လီဗာပူးမှာ ဆက်နေဖို့ကိုပဲ ဦးစားပေးအဖြစ် စဉ်းစားထားပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ပြန်ယူလိုစိတ် ပြင်းပြနေကြောင်း Melissa Reddy က ဆိုပါတယ်။
ဂရာဗင်ဘက်ချ်ကို ဂျာမာန်ကွင်းလယ်လူဟောင်း တိုနီခရုစ် လက်သစ်ဖြစ်လာနိုင်မလား မေးခွန်းအား အာနယ် ဆလော့က ” ဖြစ်မလာနိုင်ပါဘူး။ ရိုင်ယန်က ဒတ်ချ်လူမျိုးလေ ” လို့ ရယ်ရယ်မောမော ပြန်ဖြေပါတယ်။
မန်စီးတီးအသင်း လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လီဗာပူးနဲ့ပွဲပြီးမှ ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ အာနယ် ဆလော့က ပြောပါတယ်။
မန်စီးတီးဟာ ကုန်ခဲ့တဲ့ နှစ်တွေမှာ ထူးချွန် စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ အသင်းဖြစ်ပြီး လုံးဝ အထင်သေးမရတဲ့ အသင်းပါလို့ ဗန်ဒိုက်က သတိပေးပါတယ်။