ကိုနတေး ကာလရှည် နားရဖို့ရှိခြင်း၊ ချန်ပီယံ ဘယ်အသင်းဖြစ်လာမလဲ တုန့်ပြန်မှု၊ ခံစစ်အတွက် လမ်းဖွင့်ထားခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အာနယ် ဆလော့က သူဟာ ဂွာဒီယိုလာရဲ့ ပြိုင်ဘက်လား ဆိုတဲ့ မေးခွန်းအတွက် ပွဲတစ်ပွဲ ရလဒ်ထွက်ရေးဟာ သူနဲ့ ဂွာဒီယိုလာကြား မဟုတ်ဘဲ ကစားသမားတွေကြား ပြိုင်ဆိုင်ကြတာပါလို့ တုန့်ပြန်သွားပါတယ်။

ကိုနတေးဟာ ကျိုးပဲ့ဒဏ်ရာ မရပေမယ့် ကာလရှည် အနားယူရမှာဖြစ်ကာ အနည်းဆုံး ၆ ပတ်ထိ အသင်းအတွက် ပွဲထွက်ပေးနိုင်မှာ မဟုတ်ပါဘူး။

နည်းပြဆလော့ကတော့ ဗန်ဒိုက်ရဲ့ တွဲဘက်အဖြစ် ပရီးမီးယားလိဂ် အောင်မြင်တဲ့ ဘောလုံးရာသီမှာ အတွဲညီခဲ့တဲ့ ဂိုးမက်စ်ကို ပြန်သုံးမယ်လို့ သိရပါတယ်။

ဗန်ဒိုက်နဲ့ ကိုနတေး နှစ်ဦးအတွဲဟာ ဒီရာသီ တစ်ပွဲပျှမ်းမျှ အမှတ်ယူနိုင်ခြင်းမှာ ၂.၁၅ အမှတ်ဖြစ်ပြီး ဗန်ဒိုက်၊ ဂိုးမက်စ်တို့ အကောင်းဆုံးအချိန်တုန်းက အမှတ်ယူနိုင်ခြင်းဟာ ၂.၄၃ အမှတ်ထိ ရှိခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးနဲ့ ဘယ်ခြမ်းအစွန်လူတွေကို ၂၀၂၅ ခုနှစ်ထဲမှာ ခေါ်ယူရေးအား လမ်းဖွင့်လိုက်ပြီဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ဘယ်အသင်း အနိုင်ရမလဲ မေးခွန်းအား ပရီးမီးယားလိဂ် ပရိသတ်တွေကို စကိုင်းစပေါ့က မေးမြန်းရာမှာ ၇၉% က လီဗာပူးလို့ ဖြေဆိုပါတယ်။

မန်စီးတီးပွဲမှာ ပွဲမစတင်ခင်တည်းက လီဗာပူးအသင်းဘက်ကနေ အင်အားပြကြဖို့ ဒေသခံ အသင်းပရိသတ် အဖွဲ့တွေက စည်းရုံးနေပြီဖြစ်ပါတယ်။

အယ်လီဆန် ဘက်ကာဟာ လီဗာပူးမှာပဲ ဆက်နေလိုကြောင်း ထုတ်ပြောခဲ့ပြီး ၂၀၂၅ နွေမှာ အင်္ဂလန်ကနေ ခွာလိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

လူးဝစ် ဒီယက်ဇ်ကို စာချုပ်သစ်ပေးဖို့ လီဗာပူးဘက်က စိတ်ဝင်စားမှုရှိကြောင်း အသံထွက်နေပါတယ်။

စကိုင်းစပေါ့ သတင်းထောက် Patrick Berger က လီဗာပူးအသင်းဟာ ဒေါ့မွန် တောင်ပံသမား Jamie Gittens ကို စိတ်ဝင်စားနေကြောင်း ဖော်ပြနေပါတယ်။