

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှု ပြေးလမ်းမှာ လွတ်လွတ်ကျွတ်ကျွတ် ဆက်ပြေးနိုင်ဖို့ ဒီကနေ့ မန်စီးတီးကို ရင်ဆိုင်ရာမှာ ရလဒ်ကောင်း ယူနိုင်ဖို့ လိုပါတယ်။
ဒီပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်ဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ အချိုးအကွေ့ဖြစ်သွားနိုင်ပါတယ်။
Team News
- ဘရတ်ဒလေ လပိုင်း အနားယူရမှာဖြစ်ကာ ထရန့် ပွဲထွက်ကနေ ပြန်ပါလာပါမယ်။
- ကိုနတေးလည်း လပိုင်း အနားယူရမှာဖြစ်ပြီး သူ့နေရာ ဂိုးမက်စ်ဖြင့် အစားထိုးဖို့ ပြင်ထားပါတယ်။
- အယ်လီဆန်၊ ဂျိုတာ၊ ကိုစတက်တို့ ဒီပွဲ ပါလာနိုင်ဖို့ မရှိပါဘူး။
- ခီယေဆာ အသင်းလိုက်လေ့ကျင့်ရေး ပြန်ဝင်နေပါပြီ။
Liverpool’s XI vs. City
ဒီပွဲမှာတော့ ကိုစတက်၊ ဘရတ်ဒလေနဲ့ ကိုနတေးတို့ ပါဝင်နိုင်မှာ မဟုတ်သလို ဂိုးသမား အယ်လီဆန် ပွဲထွက်ဖွယ် မရှိသေးပါဘူး။ ခံစစ်ကြောင်းက အနည်းငယ် အပြောင်းအလဲ ရှိလာနိုင်ပါတယ်။
ဂိုးသမား ကလယ်ဟာ၊ ညာအစွန် ထရန့်၊ ဘယ်အစွန်၊ ရော်ဘတ်ဆန်တို့နဲ့အတူ ဗဟိုခံစစ်အတွဲက ဗန်ဒိုက်နဲ့ ဂိုးမက်စ် ဖြစ်လာဖို့ ရှိပါတယ်။ အရန်မှာတော့ ကွမ်းဆက်ရှိနေမှာဖြစ်ပြီး အသင်းရဲ့ ခံစစ်တန်းဟာ အားနည်းစပြုနေပါတယ်။
ကွင်းလယ်မှာ ဆိုဘိုစလိုင် ပြန်ပြီး ပွဲထွက်ခွင့်ရလာဖို့ ရှိကာ ဒီရာသီ ပွဲစဉ် အများစုမှာ ထုတ်သုံးထားတဲ့ မာကာ၊ ဂရာဗင်ဘက်ချ်၊ ဆိုဘိုအတွဲဖြစ်လာဖို့ များပါတယ်။
တိုက်စစ်မှာတော့ ဒါဝင်ကို ဆက်ပြီး နေရာပေးမလား စောင့်ကြည့်ရဖို့ရှိပါတယ်။ ရီးရဲလ်ကို ရင်ဆိုင်တုန်းက ဒါဝင်ဟာ တိုက်စစ်မှူးတာဝန်တွေကို ယူပေးနိုင်ခဲ့ပေမယ့် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ မန်စီးတီးကို ရင်ဆိုင်ရာမှာ အာနယ် ဆလော့က ဂက်ပို၊ ဒီယက်ဇ်၊ ဆာလာ အတွဲကို ပြန်သုံးမလား ကြည့်ရပါမယ်။