လီဗာပူးခေတ်တစ်ခုရဲ့ အစတောင်ဖြစ်လာနိုင်တယ်၊ ဥရောပနဲ့ အင်္ဂလန်ချန်ပီယံတွေ ဆက်တိုက် ဒူး-ထော-က်-စေခဲ့ပြီ စတဲ့ မန်စီးတီးပွဲအပြီး ထွက်ပေါ်လာတဲ့ အသံများ

သွင်းဂိုးအားဖြင့်တော့ ကြီးကြီးမားမား မပြတ်ခဲ့ပေမယ့် အန်ဖီးမှာ မန်စီးတီးကို လွှမ်းမိုး ကစားနိုင်ခြင်းနဲ့အတူ ဆလော့ရဲ့ လီဗာပူးဟာ အမှတ်ပေးဇယားမှာ လက်ရှိ ချန်ပီယံတွေကို ၁၁ မှတ်ထိ ဖြတ်လိုက်ပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အန်ဖီးကပွဲဟာ နိုင်ရမယ့်ပွဲဆိုတာကို ပရိသတ်တွေဘက်က နားလည်ထားတာကြောင့် ပွဲမတိုင်ခင်တည်းက ဒီပွဲကို အပြီဝုန်းဖို့ ဒေသခံအဖွဲ့တွေက ဆော်ဩထားကြတာပါ။ သူတို့ဟာ အသင်းသားတွေကို စိတ်မပျက်စေခဲ့ပါဘူး။

ပွဲပြီးခါနီးမှာ လီဗာပူးပရိသတ်တွေက ဂွာဒီယိုလာကို ဦးတည်ပြီး ” ခင်ဗျားတော့ မနက်ကျရင် ရာထူးကနေ အထုတ်ခံရတော့မယ်” လို့ လှောင်ပြောင်နိုင်ခဲ့တာကို ကြည့်ရင် ပွဲက ဘယ်လောက်ထိ ပြတ်သားခဲ့လဲ သိကြပါလိမ့်မယ်။

” သိပ်ကောင်းတဲ့ နိုင်ပွဲ၊ အသင်းက ဒီထက် ဂိုးပိုရသင့်တာ။ အပြည့်အဝကြီး ထိန်းချုပ်ပြခဲ့တာက အထင်ကြီးစရာပဲ။ မန်စီးတီးဘက်က လက်ပါလျော့သွားခဲ့တယ်။ ဆက်လုပ်ထားကြပါ အနီရောင်တွေ ” ဆိုကာ ပြတ်ပြတ်သားသား နိုင်ပွဲအတွက် အသင်းပရိသတ်တွေ ဂုဏ်ယူမဆုံးဖြစ်နေခဲ့တယ်။

” ဒီအပတ်မှာ ဥရောပချန်ပီယံကိုကော ပရီးမီးယားလိဂ် ချန်ပီယံကိုပါ ဂိုးလုံးဝ မပေးရဘဲ အနိုင်ယူပြခဲ့တာ တကယ်ပါပဲကွာ။ ”

” ၁၃ ပွဲကစားအပြီး ဒီရာသီ လီဗာပူးက ၂၀၁၉-၂၀၂ ဘောလုံးရာသီ ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးထက်တောင် အနေအထား ပိုကောင်းနေသေးတယ်။ ဒုတိယနေရာကို ၉မှတ်၊ မန်စီးတီးကိုဆို ၁၁ မှတ်တောင် ဖြတ်လိုက်နိုင်တာ။ ”

” အံ့ဩပြီးရင်း အံ့ဩပဲကွာ။ လီဗာပူး ချန်ပီယံဖြစ်မဖြစ် ငါမသိဘူး။ ဒါပေမယ့် အခု အသင်းကစားနေတာ စွမ်းဆောင်ပြနေတာကို သိပ်ကျေနပ် ဂုဏ်ယူတယ်။ ကလော့ပ် နေရာ ဆလော့ကို အစားထိုးတာ လုံးဝ မှန်ကန်ချက်ကြီးပဲ။ ”

” ရီးရဲလ်မက်ဒရစ်ကိုရော မန်စီးတီးကိုပါ ဆက်တိုက် အနိုင်ယူလိုက်တာက လီဗာပူးကို နောက်အဆင့်ထံ ပို့လိုက်တာပါပဲ။ နှစ်သင်းလုံးကို အထက်စီးကနေ ထိန်းချုပ်ကစားသွားခဲ့တယ်။ ဒါမျိုး မမြင်ဖူးသလောက်ပဲ။ လီဗာပူးခေတ်တစ်ခုရဲ့ အစတောင် ဖြစ်လာနိုင်ပါတယ်။ ”

” မနက်ကျရင် မင်းတော့ (ဂွာဒီယိုလာ) အထုတ်ခံရတော့မယ်တဲ့။ အန်ဖီးကွင်းမှာ အဲ့လို အသံတွေတောင် ထွက်လို့။ ဂွာဒီယိုလာမှာ သွေးရူးသွေးတန်းတွေ တုန့်ပြန်နေရတယ်။ ဘယ်လို အနေအထားမျိုးထိ ငါတို့ တက်လှမ်းလာခဲ့တာလဲ။ ” စသဖြင့် မှတ်ချက်များစွာ ပေးနေကြတာဖြစ်ပါတယ်။