NEWS: လီဗာပူးအသင်းနဲ့ ၁ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဖွယ်ရှိတဲ့ မိုဆာလာ

စာချုပ်သစ်ကိစ္စ အရမ်းကို ကြံ့ကြာလာနေပြီဖြစ်တာကြောင့် စကားပြောဆိုနေရတာကို မိုဆာလာ စိတ်ကုန်နေပြီဖြစ်ကာ မကြာခင်မှာ တစ်ခုခု ထူးခြားမှု ရှိလာပါလိမ့်မယ်။

The Athletic သတင်းထောက် Simon Hughes က တော့ မိုဆာလာဟာ လီဗာပူးအသင်းမှာ ၁ နှစ် သက်တမ်းတိုး ဆက်နေရေး လမ်းဖွင့်လာပေမယ့် ကလပ်နဲ့ ညိနှိုင်းမှုတွေမှာ မကျေလည်မှုတွေပါ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

Hughes ဟာ လက်ရှိမှာ မိုဆာလာရဲ့ Biography ကို စာအုပ်ရေးသားနေသူ ဖြစ်လို့ သူနဲ့ တိုက်စစ်သမားကြားမှာ နီးကပ်တဲ့ ဆက်သွယ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးနဲ့ ပီအက်စ်ဂျီကြား သတင်းကြီးတွေ ထွက်နေပေမယ့် မိုဆာလာဟာ အခြားသော ကလပ်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ လက်တလော အစီအစဉ် မရှိသေးပါဘူး။

“ မိုဆာလာဟာ အန်ဖီးမှာ သက်တမ်းတိုး ဆက်နေဖို့ကို ဦးစားပေးအဖြစ် ရွေးချယ်ထားပြီး ထွက်ခွာသွားလိုခြင်း မရှိပါဘူး ” လို့ Hughes ရဲ့ ရေးသားချက်ထဲ ပါလာခဲ့တယ်။

ဒါပေမယ့်လို့ “ မိုဆာလာ ကိုယ်တိုင်ကပဲ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် အဲ့အခြေအနေနဲ့ ထိုက်တန်တဲ့ စာချုပ်မျိုး ကမ်းလှမ်းခံရသင့်တယ်လို့ ယုံကြည်နေကြောင်း ” ဆက်လက် ဖော်ပြထားပါတယ်။

လက်ရှိမှာ ဆာလာဟာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ခွဲတန် စာချုပ်ရထားပြီး စာချုပ်သစ်မှာ တူညီတဲ့ လုပ်ခ ပမာဏမျိုးဖြင့် လီဗာပူးဘက်က ကမ်းလှမ်းမယ်လို့ သတင်းထွက်ထားဖူးပါတယ်။