

ဒီကနေ့ညမှာတော့ အသင်းဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Team News
- အယ်လီဆန် ပြန်သက်သာလာနေပြီး ၂၀၂၅ မတိုင်ခင် ပြန်လည် ပွဲထွက်ဖို့ စီစဉ်ထားပါတယ်။
- ကိုနတေး၊ ဘရတ်ဒလေ၊ ကိုစတက်တို့ ၃ ဦးလုံး ဒီဇင်ဘာလထဲ မကစားနိုင်ပါ။
- ပုံမှန်လေ့ကျင့်ရေး ပြန်ဝင်နေတဲ့ ဟာဗေး၊ ခီယေဆာတို့ ပွဲနေ့အတွက် အဆင်သင့်ဖြစ်ပါတယ်။
- ဂျိုတာရဲ့ အခြေအနေ သတင်းထူး မထုတ်ပြန်ပါ။
Liverpool’s XI vs. Newcastle
လီဗာပူးအသင်းဟာ ပွဲကြီးတွေကို ဆက်တိုက် ကန်နေရပေမယ့် လာမယ့် ၂ ပွဲဆက်က အဝေးကွင်းပွဲတွေဖြစ်နေတာကို သတိပြုရပါမယ်။ နယူးကာဆယ်က အိမ်ကွင်းအားကောင်းသလို အဲဗာတန်ပွဲကလည်း ဒါဘီပြိုင်ဘက်နဲ့ ကစားရမယ့် အဝေးကွင်းပွဲဖြစ်ပါတယ်။
လက်ရှိ အသင်းရဲ့ ခံစစ်မှာ ဗဟိုခံစစ်ဖြစ်ဖြစ် အစွန်နေရာဖြစ်ဖြစ် အစားထိုးဖို့ရာ အရန်ခုံမှာ ထိုင်ပေးမယ့် ခံစစ်သမား ၁ ဦးပဲရှိပါတယ်။ ထရန့်ကလည်း ရာနှုန်းပြည့် မကောင်းသေးသလို မိနစ် ၉၀ အပြည့်ဆက်တိုက် သုံးရင် နာသွားနိုင်ပါတယ်။
နယူးကာဆယ်ပွဲအတွက်တော့ ကလယ်ဟာ၊ ထရန့်၊ ဂိုးမက်စ်၊ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန်တို့ပဲ ဖြစ်နေဦးမှာပါ။ နည်းပြဆလော့က အကွက်သစ်တွေ ဖန်တီးမယ်လို့ ကြေညာထားမှုအရ လိုအပ်လာမယ်ဆိုရင် အန်ဒိုကို ခံစစ်မှူးအဖြစ် သုံးပြီး ဆိုဘိုနဲ့ ကာတစ်ဂျုံးကို အစွန်လူနေရာ ဝင်ခိုင်းမယ်လို့ ခန့်မှန်းထားရပါတယ်။
ကွင်းလယ်ကတော့ တောင့်တင်းနေဆဲဖြစ်ပြီး ဂရာဗင်ဘက်ချ်၊ မာကာ၊ ဂျုံးအတွဲကို ထုတ်ကာ ဆိုဘို၊ ဟာဗေးတို့ကို အရန်ကနေ ပွဲချိန် ဖန်တီးပေးဖွယ် ရှိပါတယ်။ တိုက်စစ်မှာ ဒါဝင် ပြန်ပါလာပြီး ဒီယက်ဇ်၊ ဆာလာတို့ဖြင့် တွဲပေးနိုင်ပါတယ်။
ဒီဇင်ဘာဟာ လီဗာပူးအသင်း ကျော်ဖြတ်ရမယ့် ပွဲကြပ်ကာလဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကြံ့ခိုင်မှုပိုင်းနဲ့ နားရက်တွေ လိုအပ်ချက်များတဲ့ကြားက ၉ ပွဲဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲနိုင်သည်ဖြစ်စေ၊ အခြားရလဒ် တစ်ခုခုထွက်သည်ဖြစ်စေ အဓိက ကစားသမားတွေကို အနားပေးရတာတွေ ရှိလာပါလိမ့်မယ်။