NEWS: ဗန်ဒိုက်ကို စာချုပ်သစ်အတွက် ကမ်းလှမ်းလိုက်ခြင်းနဲ့ အခြား ၂ ဦးရဲ့ စာချုပ် အခြေအနေ

လီဗာပူးအသင်းဟာ အနာဂတ် မသေချာဖြစ်နေတဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်ကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ဆာလာ၊ ထရန့်တို့နည်းတူ ကလပ်ရဲ့ အဓိက ကစားသမားဖြစ်ပြီး ဒီနွေမှာ စာချုပ်သက်တမ်း ကုန်တော့မှာပါ။

သူတို့ ၃ ဦးလုံးအတွက် သတင်းကောင်းမရသေးဘဲ ဖြစ်နေချိန် အသက် ၃၂ နှစ်အရွယ် မိုဆာလာရဲ့ စာချုပ်ကိစ္စက တိုက်စစ်သမားရဲ့ နှုတ်ကနေ အဆင်မပြေဖြစ်နေကြောင်း ထုတ်ပြောမှုဖြင့် မီဒီယာထက်မှာ ရေပန်းစားနေခဲ့ပါတယ်။ လီဗာပူးဟာ မကြာခင်မှာ ဆာလာကိုလည်း တရားဝင် ကမ်းလှမ်းမှု ပေးဖို့ ပြင်ဆင်နေပါတယ်။

အသက် ၃၃ နှစ်အရွယ် ဗန်ဒိုက်ကို လီဗာပူးဘက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်မှာ လုပ်ခနဲ့ စာချုပ်ကာလတွေဟာ ခံစစ်မှူး မျှော်လင့်ထားတဲ့ သက်တမ်းမျိုးထက်တော့ နည်းပါးတယ်လို့ The Athletic က ဆိုပါတယ်။

ကိစ္စတွေ ပြီးပြတ်ဖို့ ဒါမှမဟုတ် ဘာဆက်ဖြစ်မယ်ဆိုတာက အချိန်တစ်ခု စောင့်ဆိုင်းရနိုင်ပါတယ်။ ကစားသမား ၃ ဦးလုံးဟာ အာနယ်ဆလော့ လက်ထက် လီဗာပူးမှာ အထူးအရေးပါနေကြသူတွေ ဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ အကယ်ဒမီထွက် ညာအစွန်လူ ထရန့်ကြားက ဆွေးနွေးမှု ဆက်ရှိနေပေမယ့် အခြေအနေကတော့ အခြား ၂ ဦးနဲ့ စာရင် ကွဲပြားပါတယ်။

ထရန့်ဟာ ရီးရဲလ်မက်ဒရစ်လို အသင်းကနေ ကောင်းမွန်တဲ့ စိတ်ဝင်စားမှုကို ရထားပြီး အခြားသော အသင်းဖော် ၂ ဦးလိုပဲ အဆုံးသတ်မှာ ဘာဖြစ်မယ်ဆိုတာကို လက်ရှိမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။