လီဗာပူး သရေကျတာ ပျော်တဲ့ ပြိုင်ဘက် ကစားသမား၊ ဆာလာကို ဆက်ရှိစေချင်တဲ့ အာနယ် ဆလော့၊ အဲဗာတန်ပွဲလွဲမယ့် မာကာနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

နယူးကာဆယ်ကို အဝေးကွင်းမှာ ၃-၃ သရေကျအပြီး လီဗာပူးအသင်းဟာ အမှတ်ပေးဇယားမှာ ဒုတိယနေရာက အသင်းကို ၇ မှတ်အသာဖြင့် ဦးဆောင်ထားနိုင်ပါတယ်။ ပွဲစဉ် ၁၃ ကထက်တော့ ကွာဟချက် ၂ မှတ်လျော့လာခဲ့ပါတယ်။

အာနယ် ဆလော့ကတော့ မိုဆာလာ လက်ရှိ ခြေစွမ်းအတိုင်း အချိန်အကြာကြီး ဆက်လုပ်ပြနိုင်ဖို့ ကစားနိုင်ဖို့ မျှော်လင့်တယ်ဆိုပြီး အီဂျစ်သားကို ဆက်ရှိစေချင်တဲ့ စကားမျိုး ပြောလာပါတယ်။

နယူးကာဆယ်ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ဂိုးမက်စ်နဲ့ ဒါဝင် နူးညက်စ်တို့ ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။

လီဗာပူး သရေကျသွားတာ ပျော်တယ်လို့ အာဆင်နယ် ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ဆိုပါတယ်။ အခုချိန်ဟာ ဖလားအကြောင်း ပြောရမယ့် ကာလ မဟုတ်သေးဘဲ ဖေဖော်ဝါရီ နောက်ပိုင်းမှ စကားပြောမယ်လို့ သူက ဆိုပါတယ်။

ကြံ့ခိုင်မှု ပြန်တည်ဆောက်နေတဲ့ တိုက်စစ်မှူး ခီယေဆာဟာ ယူ-၂၁ အသင်းမှာ ပွဲထွက်ကစားခဲ့ပြီး ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။

နယူးကာဆယ်ပွဲမှာ အဝါကတ် ရသွားတဲ့ မာကာဟာ အဲဗာတန်နဲ့ အဝေးကွင်းပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ထရန့်ကို စာချုပ်သစ်ပေးနိုင်ရေး ဆွေးနွေးဆဲဖြစ်ပေမယ့် သူရဲ့ အခြေအနေက အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အာနယ် ဆလော့ကော အတ်ဒီဟောင်ကောပါ ပွဲနေ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို သဘောမကျကြောင်း ပွဲအပြီး ထုတ်ပြောခဲ့ကြပါတယ်။

ကလယ်ဟာ ဟာ အသင်းအတွက် အရေးပါတဲ့ ကယ်တင်မှု လုပ်ခဲ့သလို နစ်နာစေမယ့် မှားယွင်းမှုလည်း လုပ်ခဲ့တယ်လို့ အာနယ် ဆလော့က ဝန်ခံသွားပါတယ်။

လီဗာပူးအသင်းဟာ ဇူဘီမန်ဒီအပြင် နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်အပေါ် စိတ်ဝင်စားမှုလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။