

လီဗာပူးအသင်းဟာ ကလပ်ရဲ့ ကြယ်ပွင့် တိုက်စစ်သမားရဲ့ တောက်ပမှုကို ဖုံးကွယ်ဖို့ရာ လေ့ကျင့်ရေး ဗီဒီယိုတွေမှာ သီးသန့် ဖြတ်တောက်မှုတွေ ပြုလုပ်နေရပါတယ်။
လီဗာပူးအသင်းရဲ့ အသင်းလိုက် လေ့ကျင့်ရေးတွေမှာ ဒဏ်ရာက သက်သာလာတဲ့ ခီယေဆာအပြင် လူငယ်စတား အချို့လည်း ပါဝင်လာနိုင်ပေမယ့် မီဒီယာဖိအားတွေကို ရှောင်ရေး သူတို့နဲ့ ပက်သက်တဲ့ တိုးတက်မှုတွေကို အသင်းဘက်က ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း ပြသခြင်း မရှိပါဘူး။
လီဗာပူးအသင်း အကယ်ဒမီနဲ့ နီးစပ်သူတွေ ပြောလာချက်အရ အသင်းဘက်က ဖုံးကွယ်ထားတဲ့ နောက်ထပ် ကစားသမားတစ်ဦးက နွေကမှ ချယ်ဆီးကနေ ပြောင်းလာတဲ့ ၁၆ နှစ်သား ဘယ်တောင်ပံသမား ရီယို နူမိုဟာပဲဖြစ်ပါတယ်။
လန်ဒန်ကလပ်နဲ့ ပြဿနာတွေ အတတ်ခံပြီး ခေါ်ယူထားရတဲ့ ရီယိုဟာ လူငယ်ပွဲတွေမှာ ချွန်ထွက်နေအောင်ကို ကောင်းလွန်းနေပါတယ်။ လီဗာပူးအသင်းဟာ သူ့ကို ချယ်ဆီးကနေ ခေါ်ယူနိုင်ရေး အကယ်ဒမီ လုပ်ခပေးချေမှု ကန့်သတ်ချက်ကိုပါ ချိုးဖျက်ထားရတာ ဖြစ်ပါတယ်။
No wonder why Chelsea are fuming, Rio Ngumoha looks INSANE 😭
pic.twitter.com/toC66MJew2— AS (fan) (@ArneSlotBall) November 9, 2024
ယူ-၁၈ အောက် ကစားသမားတွေထဲမှာ ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်စွမ်း ၇၂.၂% ရှိတဲ့ ရီယိုဟာ စီနီယာကစားသမားတွေကိုတောင် ထိတ်လန့်စေခဲ့တယ်လို့ သိရတယ်။
အသက် အရမ်းငယ်သေးချိန် သူ့အပေါ်မှာ အာရုံစိုက်မှုတွေ ကြီးမားစွာ ကျရောက်လာမှာကို စိုးရိမ်လို့ လီဗာပူးဘက်က မီဒီယာ ကန့်သတ်မှုတွေ အများကြီး လုပ်ထားပါတယ်။ တိုက်စစ်သမားရဲ့ လေ့ကျင့်ရေးဆိုင်ရာ ဗီဒီယိုတွေကိုလည်း အပြင်လူတွေ မမြင်ရအောင် ဖြတ်တောက်ထားလေ့ရှိပါတယ်။
ရီယို ကိုယ်တိုင်ကတော့ အနာဂတ်မှာ အောင်မြင်လိုသူဖြစ်ကာ ” ကျနော်က ဘလွန်းဒီအောဆု အောင်မြင်နိုင်မယ့်သူလို့ ယုံကြည်တယ်။ ဘောလုံးလောကရဲ့ အကောင်းဆုံးတွေထဲက တစ်ဦး၊ ဂန္တဝင်တွေထဲက တစ်ဦး အဖြစ်လည်း အမှတ်ရခံရလိုပါတယ် ” လို့ ဆိုထားသေးတာ ဖြစ်ပါတယ်။