ဖာမင်နို၊ မီလ်နာ ထွက်ခွာပြီးရင် နည်းပြရော်ဂျာရဲ့ ခေါ်ယူမှု ၃၃ ခုတည်းက တစ်ဦးပဲ လီဗာပူးမှာ ကျန်ရှိပါမယ်

ဒီနွေမှာ စီနီယာကစားသမား ၄ ဦးကို နှုတ်ဆက်မယ်လို့ လီဗာပူးအသင်း ကြေညာလိုက်ခြင်းက ယခင်နည်းပြဟောင်း ဘရန်ဒန် ရော်ဂျာလက်ထက်က ခေါ်ယူမှု အားလုံးနီးပါး အဆုံးသတ်လာခြင်းပဲ ဖြစ်ပါတယ်။

ရော်ဂျာဟာ သူကိုင်တွယ်တဲ့ နောက်ဆုံးနှစ်မှာ လီဗာပူး အပြောင်းအရွှေ့ ကော်မတီထံက လုပ်ပိုင်ခွင့်ကို လွဲယူခဲ့ပြီး စိတ်ကြိုက် ကစားသမား အချို့ကို ခေါ်ယူခဲ့ပါတယ်။ ဥပမာအားဖြင့် ကော်မတီဘက်က ဖာမင်နိုကို လက်မှတ်ထိုးခဲ့ချိန် ရော်ဂျာက ဘန်တီကိုကိုလည်း ရွေးချယ် ခေါ်ယူခဲ့ပါတယ်။

ဖာမင်နိုနဲ့ မီလ်နာတို့ ဒီနွေမှာ နှုတ်ဆက်ဖို့ ဖြစ်လာတဲ့နောက်တော့ လာမယ့်ရာသီ ကလပ်မှာ ရော်ဂျာ လက်ထက်က လက်မှတ်ထိုးခဲ့တဲ့ ကစားသမား ၃၃ ဦးထဲက တစ်ဦးသာလျှင် ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ချာတန်အသင်းမှ အသက် ၁၈ နှစ်အရွယ် ခံစစ်မှူး ဂိုးမက်စ်ကို လီဗာပူးက ပေါင် ၃.၅ သန်းပေးပြီး ခေါ်ယူခဲ့တယ်။ သူဟာ ရော်ဂျာရဲ့ ၂၆ ဦးမြောက် လက်မှတ်ထိုးမှုဖြစ်ပြီး အဆိုပါ ရာသီမှာ အခြားသော အသင်းဖော် ၇ ဦးနဲ့အတူ လီဗာပူးကို ရောက်ရှိလာခဲ့ပါတယ်။

ရော်ဂျာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲက ဖာမင်နို၊ မီလ်နာ၊ ကော်တင်ညို၊ မင်ညိုလက်၊ လယ်လာနာ၊ ချန်၊ လိုဗရန်၊ ဂိုးမက်စ်နဲ့ အိုရီဂီတို့ဟာ ကလော့ပ် လက်ထက်မှာ ဆက်ပြီး နေရာရခဲ့ကြသူတွေ ဖြစ်ပါတယ်။

လက်ရှိ လူစာရင်းထဲက ဟန်ဒါဆန်ကတော့ ကင်းကင်နီ လက်ထက်မှာ ခေါ်ယူခဲ့မှုဖြစ်ပြီး သမ္ဘာအရင့်ဆုံး ကစားသမားဖြစ်ပါတယ်။ ထရန့်နဲ့ ကာတစ်ဂျုံးတို့က အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ကြတာပါ။