ဆာလာကို စာချုပ်သစ်အတွက် ဂုဏ်ပြုသူ၊ ကွင်းလယ်လူကို စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်၊ ဘယ်အစွန် အားဖြည့်ဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီအပတ် လီဗာပူးနဲ့ အဲဗာတန်တို့ ဂူဒီဆန်ပက်ခ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲဟာ အဆိုပါကွင်းမှာ ကစားရမယ့် နောက်ဆုံးပွဲဖြစ်ပြီး လာမယ့်ရာသီမှာတော့ အဲဗာတန်ဟာ ကွင်းသစ်ထံ ပြောင်းသွားတော့မှာ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဗန်ဒိုက်က ပြီးခဲ့တဲ့ပွဲတွေကို ဂရုမထားဘဲ လာမယ့် စနေနေ့ပွဲအပေါ်မှာပဲ အာရုံစိုက်ကြဖို့ တိုက်တွန်းပါတယ်။

အီဂျစ်သတင်းထောက် Haytham Farouk ကတော့ မိုဆာလာကို စာချုပ်သစ်အတွက် ဂုဏ်ပြုပါတယ်လို့ X ကနေ ထုတ်ပြောသွားပါတယ်။

နယူးကာဆယ်ပွဲအပြီး ထရန့်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးထောက်ပံ့မှု အကြိမ် ၆၀ လုပ်နိုင်တဲ့ ပထမဆုံးသော ခံစစ်သမားဖြစ်လာပါတယ်။

ခီယေဆာဟာ ယူ-၂၁ အသင်းမှာ မိနစ် ၆၀ ကစားခဲ့တာဖြစ်ကာ ကိုယ်တိုင် ၁ ဂိုး သွင်းခဲ့ပါတယ်။ သူဟာ အဲဗာတန်ပွဲမှာ ပွဲနေ့ လူစာရင်းကနေ ပါဝင်လာနိုင်ပါတယ်။

ထရန့်နေရာ အစားထိုးရဖို့ ဖြစ်လာခဲ့ရင်အတွက် ကစားသမား ၄ ဦးကို လီဗာပူးဘက်က ရွေးချယ်မှု ပြုလုပ်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂရာဗင်ဘက်ချ်ကို စောင့်ကြည့်မှု ပြုလုပ်နေပြီး အနာဂတ်မှာ ခေါ်ယူသင့်တဲ့ ကစားသမားများ စာရင်းထဲ ထည့်ထားပါတယ်။

ဂိုးသမားက အချိန်ဆွဲပြီး ကစားနေမယ်ဆိုရင် ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘော ကန်ခွင့်ပေးမယ့် စည်းမျဉ်းကို ထည့်သွင်းဖို့ ဘောလုံးဥပဒေ ရေးဆွဲသူတွေဘက်က ကြိုးစားနေပါတယ်။

လီဗာပူးအသင်းနဲ့ ကိုနတေးကြား စာချုပ်သစ်ကိစ္စ ပြောနေမှုဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ကာ မကြာခင်မှာ တရားဝင် ကြေညာချက် ထွက်လာနိုင်ပါတယ်။

လီဗာပူးအသင်းဟာ ဘယ်အစွန်နေရာကို အားဖြည့်ဖို့ အမှန်တကယ် စဉ်းစားနေသလို ဘုန်းမောက်အသင်းမှ မီလိုစ့် ကာဇ့်ကို သဘောကျနေတာလည်း မှန်ကန်တယ်လို့ ဟန်ဂေရီအသိုင်းအဝိုင်းက ဆိုပါတယ်။