

လီဗာပူးအသင်းဟာ စနေနေ့မှာတော့ အစောဆုံးပွဲအဖြစ် အဲဗာတန်ကို ပရီးမီးယားလိဂ် အဝေးကွင်းပွဲ သွားရောက် ရင်ဆိုင်ကစားရပါမယ်။
နယူးကာဆယ်ပွဲမှာ အဝါကတ်ရခဲ့တဲ့ မာကာဟာ ဒါဘီပွဲကို လွဲချော်သွားဖို့ ရှိနေသလို ရီးရဲလ်ပွဲမှာရခဲ့တဲ့ အဝါကြောင့်ပါ ချန်ပီယံလိဂ်မှာလည်း ၁ ပွဲပယ်ခံထားရသေးတာပါ။ ဒါကြောင့် မာကာဟာ အဲဗာတန်ပွဲမှာကော ကြားရက် ဂျီရိုနာပွဲမှာပါ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
နောက်ထပ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကတော့ အဲဗာတန်ပွဲမှာ အဝါကတ် ထိခဲ့မယ်ဆိုရင် ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။
အာနယ် ဆလော့ရဲ့ အသင်းဟာ စီနီယာအများအပြားကို လက်လွတ်ထားရတာဖြစ်ပြီး ဂိုးသမား အယ်လီဆန်၊ ခံစစ်သမားတွေဖြစ်တဲ့ ကိုနတေး၊ ဘရတ်ဒလေ၊ ကိုစတက်၊ ကွင်းလယ်လူ မာကာ၊ တိုက်စစ်သမား ခီယေဆာ၊ ဂျိုတာတို့ကို အဲဗာတန်ပွဲမှာ သုံးနိုင်ဖွယ် မရှိပါဘူး။
အယ်လီဆန်နဲ့ ခီယေဆာတို့က သက်သာလာပြီဖြစ်ပေမယ့် ပွဲနေ့ဆိုင်ရာ ကြံ့ခိုင်မှုမျိုး ရဖို့တော့ လိုအပ်နေသေးတယ်လို့ နည်းပြအဖွဲ့က ယူဆထားပါတယ်။ သူတို့ဟာ ၂၀၂၅ ထဲမှာတော့ ပွဲကစားခွင့်ရကြဖို့ ရှိပါတယ်။
တိုက်စစ်သမား ဂျိုတာကတော့ လာမယ့် အပတ်လောက်မှာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး ပြန်ဝင်နိုင်မယ်လို့ ကနဦး သိထားရပေမယ့် နိုင်ငံတကာသီတင်းပတ်အပြီး အခုချိန်ထိတော့ သတင်းသစ် ထပ်ရလာခြင်း မရှိသေးတာ ဖြစ်ပါတယ်။