ဒဏ်ရာရ ကစားသမား ၃ ဦးပဲ ကျန်ခြင်း၊ မကန်ခင်တည်းက လေတိုက်နှုန်း ပြင်းနေတဲ့ မာဆေးဆိုဒ်ဒါဘီ၊ ဆလော့ကို တောင်းပန်မှုနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

နည်းပြအာနယ် ဆလော့ဟာ အရမ်းကို အသေးစိတ်ကျတဲ့သူ ဖြစ်ပြီး ဒါကို သူ့ရဲ့ ပထမဆုံး နေ့ရက်တည်းက အသင်းသားတွေ သိခဲ့ကြတယ်လို့ ထရန့်က ပြောပါတယ်။

ဟာဗေး၊ ဂျိုတာနဲ့ အယ်လီဆန်တို့ဟာ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဗာတန်ပွဲမှာတော့ ဟာဗေးကလွဲလို့ ကျန် ကစားသမားတွေ ထုတ်သုံးသေးဖွယ် မရှိပါဘူး။

နည်းပြဆလော့က ဂျိုတာ လေ့ကျင့်ရေး ပြန်ဆင်းနေပြီး ခီယေဆာလည်း ပါလာဖို့ နီးစပ်နေပြီလို့ ပြောပါတယ်။ အယ်လီဆန် လေ့ကျင့်ရေး အချို့မှာ ပါခဲ့ပေမယ့် ဘရတ်ဒလေ၊ အီဘူး၊ ကိုစတက်တို့ကတော့ ကစားနိုင်ဖို့ မရှိသေးဘူး ပြောပါတယ်။

မာဆေးဆိုဒ်ဘက်မှာ လေတိုက်နှုန်း သိပ်ကို ပြင်းထန်နေပေမယ့် အဲဗာတန် vs လီဗာပူးတို့ရဲ့ ဒါဘီပွဲက ဖြစ်မြောက်ဖွယ် ရှိပါတယ်။

ဘယ်အစွန်လူ ကိုစတက်ရဲ့ ခြေထောက်မှာ ခြေကာတပ်ဆင်ထားခြင်း မရှိတော့ပါဘူး။ ဒီလကုန်လောက်ဆိုရင် သူ ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။

လီဗာပူးလေဆိပ်မှာနဲ့ မြို့တွင်းက billboard တွေမှာ လီဗာပူးမြို့ဟာ အပြာလား အနီလားလို့ မေးခွန်းတစ်ခု ထုတ်ထားပြီး အပြာဘက်က မဲအနည်းငယ် အသာစီးရနေတဲ့ နေရာတွေရှိသလို လီဗာပူးက အနည်းငယ် အသာရတဲ့ နေရာတွေလည်း ရှိနေပါတယ်။

ဗန်ဒိုက်ရဲ့ စာချုပ်သစ်အကြောင်း မေးခံရမှုကို အာနယ် ဆလော့က မင်းတို့ ဘယ်လိုမေးမေး တူညီတဲ့ အဖြေပဲ ပြန်ရမှာပဲလို့ တုန့်ပြန်ပါတယ်။

နယူးကာဆယ်ပွဲမှာ အာနယ် ဆလော့က ဒိုင်အဝတ်လဲခန်းထဲ ဝင်ခဲ့တယ်လို့ မှားယွင်း ဖော်ပြမှုအတွက် Amazon Prime က ပုဂ္ဂိုလ်ရေးအရ တောင်းပန်မှုကို ပြုလုပ်သွားပါတယ်။

အာဆင်နယ် နည်းပြအာတီတာက တည်ကန်ဘောတင် မဟုတ်ဘဲ နေရာတိုင်းမှာ သူ့အသင်းက ပြိုင်ဘက်တွေကို သာနေချင်တာလို့ ထုတ်ပြောသွားပါတယ်။