စပိန်ကို ပြောင်းနိုင်တဲ့ မာကာ၊ ဘယ်အစွန်မှာ လူငယ်လေး ကစားခွင့်ရနိုင်ခြင်း၊ အယ်လီဆန် လိုက်ပါခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ဘက်ကတော့ စည်းမျဉ်းစည်းကမ်းတွေကို များစွာ ဖောက်ဖျက်ထားတဲ့ ကွင်းလယ်ဒိုင် ဒေးဗစ်ကုကို ဒိုင်အဖွဲ့ကနေ ထုတ်ပယ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒိုင်လူကြီးဟာ အယူခံဝင်ခွင့်တော့ ရှိမှာ ဖြစ်ပါတယ်။

ဂျီရိုနာပွဲအတွက် စပိန်ကို ထွက်ခွာသွားတဲ့ ကစားသမား ၁၉ ဦးထဲမှာ ဂျိုတာ ပါဝင်သွားခြင်း မရှိပါဘူး။

လီဗာပူးအသင်းတွင်းမှာ ဆာလာနဲ့ ဗန်ဒိုက်တို့ စာချုပ်သစ်တွေဖြင့် ဆက်နေမယ်လို့ ယုံကြည်မှုတွေ တိုးတက်လာနေပါပြီ။

လီဗာပူးအသင်းနဲ့ ထရန့်ရဲ့ ကိုယ်စားလှယ်တွေကြားမှာ စာချုပ်ကိစ္စ စကားပြောနေကြဆဲဖြစ်ပြီး အခုချိန်ထိတော့ အကောင်းမြင်စရာ အခြေအနေမျိုးမှာပဲ ရှိနေပါတယ်။

ဂျီရိုနာပွဲကြိုမှာ ကလပ်ရဲ့ နာမည်ကျော် လူငယ် ၄ ဦးကလည်း စီနီယာအသင်းနဲ့အတူ ပါဝင် လေ့ကျင့်ခဲ့ပါတယ်။ ဒီကာလတွေအတွင်း ပြင်ပက မျှော်လင့်ချက် ဖိအားတွေကို ရှောင်တိမ်းဖို့ လီဗာပူးအသင်းဟာ လူငယ်တွေကို မီဒီယာရှေ့ကနေ ဖျောက်ထားဆဲ ဖြစ်ပါတယ်။

ဂျီရိုနာကို လိုက်ပါသွားတဲ့ လူငယ်လေး နော်ရစ်ဟာ ဘယ်အစွန်လူအဖြစ် ပါဝင်ကစားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ကွင်းလယ်လူ မက်ကော်နယ်လည်း ပွဲကစားချိန် ရသွားနိုင်ပါတယ်။

အနာဂတ်မှာ စပိန်မြေကို ပြောင်းကစားနိုင်ပါတယ်လို့ မာကာက ဝန်ခံလိုက်ပါတယ်။ စပိန်ဟာ သူတို့ တောင်အမေရိကသားတွေနဲ့ ယဉ်ကျေးမှုတူညီရာ နေရာဖြစ်တာမို့ မဖြစ်လာနိုင်စရာ မရှိဘူးလို့ ဆိုလိုက်တာပါ။

မကြာခင်မှာတော့ မန်စီးတီးရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ မှု ချိုးဖောက်ခြင်းကိစ္စ ကြားနာခြင်းတွေ အဆုံးသတ်သွားမှာဖြစ်ကာ ရလဒ် ကြေညာတော့မှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲမှာ အယ်လီဆန် ကြံ့ခိုင်နေမှာဖြစ်ကြောင်း နည်းပြဆလော့က အတည်ပြုပေမယ့် ပွဲထွက်ခွင့်ပေးမယ်လို့ အာမခံချက် မပေးပါဘူး။

ဘယ်ခြမ်းမှာ ဒီယက်ဇ်နဲ့ ဂက်ပိုကြား ပြိုင်ဆိုင်မှုက သိပ်ကို အားကောင်းပါတယ်လို့ ဆလော့က ဆိုပါတယ်။ လိုအပ်လာရင် ဒီယက်ဇ်ကို နံပါတ် ၉ သမားအဖြစ် သုံးနိုင်ကြောင်းလည်း အရိပ်အမြွက် ပြောပါတယ်။