

လီဗာပူးအသင်းဟာ ဂျီရိုနာကို ၁-၀ ဖြင့် အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲ ၆ ပွဲကစား ၆ ပွဲနိုင်ကာ ရှုံးထွက်ကို တက်ရောက်ဖို့ သေချာနေပြီဖြစ်ပါတယ်။
ဂျီရိုနာပွဲမှာ ပင်နယ်တီသွင်းခဲ့တဲ့ မိုဆာလာဟာ ချန်ပီယံလိဂ်သွင်းဂိုး ၅၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။
အပိုင်အခွင့်အရေး ၂ ကြိမ်ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသလို ဧရိယာအတွင်း ထိချက်တွေ ညံ့ဖျင်းခဲ့တဲ့ ဒါဝင်ကို လီဗာပူးပရိသတ်တွေ ဒေါသစထွက်နေပြီဖြစ်ပါတယ်။
ဂိုးသမား အယ်လီဆန်ဟာ သူ့ရဲ့ ပထမဆုံး ပြန်ကစားတဲ့ပွဲမှာတင် ထိပ်တန်းအဆင့် လက်စွမ်းကို ပြန်လည်ပြသသွားပါတယ်။
ဒါဝင်ဟာ ဂျီရိုနာပွဲမှာ မိနစ် ၇၀ ကစားရဖို့ အစီအစဉ် မရှိခဲ့ပေမယ့် တိုက်စစ်သမား ယုံကြည်မှု ကျဆင်းနေခြင်းကြောင့် ပွဲကစားချိန် ပိုပေးခဲ့တာလို့ နည်းပြဆလော့က ပြောပါတယ်။
ယူအီးအက်ဖ်အေကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရော်ဘတ်ဆန်က ရရှိခဲ့ကာ ဆုလက်ခံနေချိန် အသင်းဖော်တွေက ဝိုင်းစပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
လီဗာပူးပရိသတ်တွေက ရွေးချယ်တဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံးဆုကိုတော့ ဂိုးသမား အယ်လီဆန်က ရခဲ့ပါတယ်။
တိုနီ ခရူးလက်သစ်အဖြစ် နှိုင်းယှဉ်ခံနေရတဲ့ ဂရာဗင်ဘက်ချ်ကတော့ ဘယ်သူ့ လက်သစ်မှ မဖြစ်လိုဘဲ ဂရာဗင်ဘက်ချ်ပဲ ဖြစ်ချင်ပါတယ်လို့ တုန့်ပြန်သွားပါတယ်။
မိုဆာလာရဲ့ ကစားသမားဘဝ အန်ဖီးမှာပဲ အဆုံးသတ်တာမျိုး မြင်ရမယ်ဆိုရင် သိပ်ကောင်းပါမယ်လို့ မာကာက မှတ်ချက်ပေးပါတယ်။
ခံစစ်ပိုင်းကနေ ပြိုင်ဘက်ကို အခွင့်အရေး ပေးတာနဲ့ ပတ်သက်လို့ နည်းပြဆလော့က ” အသင်းဖော်တွေက အယ်လီဆန် ကြံ့ခိုင်မှု ပြည့်အောင် အလုပ်လုပ်ခိုင်းတာပါ ” လို့ ရယ်မောပြီး တုန့်ပြန်ပါတယ်။
ခံစစ်မှူးဟောင်း ဂလာဗန်ဟာ အသက် ၃၉ နှစ်အရွယ်မှာ ဘောလုံးကစားခြင်းကနေ အနားယူခဲ့ပြီဖြစ်ပါတယ်။