ဒါဝင်ကြောင့် အသက် ၁၀ နှစ် ပိုကြီးလာလို့ ပေါက်ကွဲကုန်ကြတဲ့ လီဗာပူးပရိသတ်များ

မနေ့ညက လီဗာပူးအသင်းရဲ့ ဂျီနိုအာ ကို နိုင်တဲ့ပွဲမှာ တိုက်စစ်မှုး ဒါဝင်နူးညက်ဇ်ကတော့ ထုံးစံအတိုင်း အဖြုန်းတလိုင်းနဲ့ ဂိုးမသွင်းနိုင်ခဲ့ပြန်ပါဘူး။ လီဗာပူးဟာ မိုဟာမက် ဆာလာရဲ့ ပင်နယ်တီဂိုး တစ်လုံးတည်းကြောင့်သာ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။

နူးညက်ဇ်ကတော့ ဂိုးအခွင့်အရေးပေါင်း များစွာ ရခဲ့ပေမယ့် ဂျီနိအာ ဂိုးသမားကို မကျော်နိုင်ခဲ့တာကြောင့် ငါးပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ကြာရှည်ခဲ့ရပြီ ဖြစ်ပါတယ်။ ပွဲအပြီးမှာ နည်းပြဆလော့ကလည်း ဒါဝင်ရဲ့ ယုံကြည်ချက် ကျဆင်းနေမှုကြောင့် ကွင်းထဲမှာ ကစားခွင့် ပိုပေးခဲ့တာလို့ ရှင်းပြသွားခဲ့တယ်။

လီဗာပူးအသင်း ပရိသတ်တွေကတော့ ဒါဝင်နူးညက်ဇ် အပေါ် သူတို့ စိတ်ပျက်မှု ဖော်ထုတ်ဖို့ ရှက်ရွံ့မနေဘဲ လူမှုကွန်ယက်ကနေ အခုလို ဝေဖန်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

@DistanceCovered X: လီဗာပူးအသင်းက နူးညက်ဇ်ကို လက်မှတ်ထိုးလိုက်တည်းက စလို့ ငါ့အသက် ၁ဝ နှစ်လောက် ကြီးသွားသလိုပဲ။ သူ့ကို အားပေးရတာ ကျန်းမာရေးပါ ထိခိုက်တယ်ဗျာ။

@Gbemiga__A : နူးညက်ဇ်ကို တလွဲလုပ်တဲ့သူ လို့ ဘယ်သူမှ မပြောကြဘူးလား။ ဒီလတွေ အတွင်း သူ ပရိသတ်တွေ အများကြီး ဆုံးရှုံးသွားလောက်ပြီ။

@Kashe1dz : နည်းစနစ် ဆရာကြီးတွေက နူးညက်ဇ် က ပြိုင်ဘက် ဧရိယာထဲ နေရာကောင်းတွေကို ရောက်နိုင်တယ် ပြောကြတယ်။ သူ့လို အူစိန်ဘော့လည်း အေလိဂ်မှာ လုပ်နေတာပဲ။ ကွင်းထဲ နေရာကောင်းကို ရောက်တာနဲ့ အရည်အသွေး ပြည့်မှီတယ်လို့ ပြောမရဘူးဆိုတာ ဘာလို့ မသိချင်ယောင် ဆောင်နေကြလဲဗျာ..။

@EfranAlexander : ဒါဝင်နူးညက်ဇ်က နယူးကာဆယ်၊ ဂျီနိုအာ နဲ့ ပွဲတွေမှာ ဆက်တိုက်ပဲ စွမ်းဆောင်ရည်တွေ ထုတ်ပြနေတယ်။ ဘယ်လို စွမ်းဆောင်ရည်တွေလဲ ဆိုတော့ လမ်းဘတ်၊ ဘိုရိုနီ၊ ဘာလော့တယ်လီ၊ ကာရိုးလ်၊ အန်းဂေါ့တို့လို ခြေစွမ်းတွေလေ။ သူ အရန်ခုံမှာပဲ ဆက်နေဖို့ လိုပါတယ်။ တခြား တစ်ယောက်ကိုပဲ အခွင့်အရေး ပေးလိုက်စမ်းပါ။

လီဗာပူး တိုက်စစ်မှုး ဒါဝင်နူးညက်ဇ်ဟာ သူ့ရဲ့ စိတ်ဓာတ် ပြင်းထန်မှုနဲ့ နိုင်လိုစိတ်များတဲ့ ဟန်တွေကြောင့် ပရိသတ် ချစ်ခင်မှု ခံရသလို သူ့ရဲ့ တလွဲ လုပ်မှုတွေကလည်း ပရိသတ်တွေကို တစ တစ ပို စိတ်ပျက်လာစေတာ အမှန်ပဲ ဖြစ်ပါတယ်။