လီဗာပူး vs အက်စတွန်ဗီလာ ပွဲအတွက် ခရစ်ဆက်တန်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်းချက်

ဒီအပတ်မှာ လီဗာပူးအသင်းဟာ နောက်ဆုံး အိမ်ကွင်းပွဲစဉ် အဖြစ် အက်စတွန်ဗီလာကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ပါလိမ့်မယ်။

ဖာမင်နို၊ မီလ်နာတို့ကို နှုတ်ဆက်မယ့် ဒီပွဲမှာ လီဗာပူးက အနိုင် ၃ မှတ် သေချာပေါက် ရယူဖို့ လိုအပ်ပါလိမ့်မယ်။ ဗီလာကလည်း ဥရောပ မျှော်လင့်ချက်အတွက် ဒီပွဲကို အားထည့် ကစားလာဖို့ ရှိနေပါတယ်။ ဒီပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ကတော့ လီဗာပူးကို အလေးပေးထားပါတယ်။

ခရစ်ဆက်တန်က ” ဒီလိုပွဲမှာ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ သူ့အသင်းကို ခံစစ်သေချာ နေရာချပြီး လီဗာပူးတို့ကို စိတ်ပျက်စေမယ် ပြီးရင် ကောင်တာတွေကနေ ခြိမ်းခြောက်မယ်လို့ ယူဆရပါတယ်။

အက်စတွန်ဗီလာဘက်က အဲ့လို ချဉ်းကပ်မယ်ဆိုပေမယ့် လီဗာပူးကတော့ ပြီးခဲ့တဲ့ ၇ ပွဲဆက်တိုက်ကို အနိုင်ရထားတဲ့ သူတို့ရဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှုတွေကြောင့် ဒီပွဲမှာ ရလဒ်ပိုင်း ထိခိုက်မှုရှိမယ်လို့ မထင်ပါဘူး။ လီဗာပူးက ဗီလာကို ဦးဆောင် ကစားနိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ပါလိမ့်မယ်။

ရာသီသိမ်းပွဲမှာ လီဗာပူးအသင်းက ဆောက်သမ်တန်ကို သွားရောက် ယှဉ်ပြိုင်ရမှာပါ။ သူတို့ကတော့ ရမှတ် ၇၁ မှတ်ထိ ရနေဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ကတော့ နယူးကာဆယ်နဲ့ မန်ယူနိုက်တက်တို့ လက်ကျန်ပွဲတွေမှာ ရလဒ် ထိခိုက်မှတ်ပဲ ဖြစ်လာပါလိမ့်မယ် ” လို့ သုံးသပ်ခဲ့တယ်။

ဆက်တန် ခန့်မှန်းရလဒ်ကတော့ လီဗာပူး 3-1 အက်စတွန်ဗီလာပဲ ဖြစ်ပါတယ်။