တိုက်စစ်မှူးကိစ္စ အတော်လေး လူပြောများနေခြင်း၊ ပါရမီရှင် ကွင်းလယ်လူကို ချန်ပီယံလိဂ်မှာ ကင်းထောက်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသိုင်းအဝိုင်းမှာတော့ တိုက်စစ်မှူးသစ် ရှာဖွေဖို့ဆိုတဲ့ တိုက်တွန်းချက်နဲ့အတူ ဒါဝင် နူးညက်စ် အပေါ်မှာပဲ ယုံကြည်ချက်တွေ ပုံအပ်မထားဖို့ တွန်းအားပေးမှုတွေ ရှိလာနေပါပြီ။

လာမယ့် မီဒီယာတွေ့ဆုံမှုမှာ လီဗာပူးသတင်းထောက်တွေဘက်က လာမယ့် စျေးကွက်တွေအတွင်း အသင်း အထောင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူသင့်သလား မေးခွန်း မေးလာနိုင်ပါတယ်။

လီဗာပူးအသင်းဘက်က တိုက်စစ်မှူးသစ် ရှာဖွေတဲ့အခါ ဘရိုက်တန် တိုက်စစ်မှူး ပက်ဒရိုကို ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ အကြံပြု ဖော်ပြချက်တွေ ထွက်ပေါ်နေပါတယ်။

ထရန့်ကို ရီးရဲလ်မက်ဒရစ်ဘက်က သူတို့ထံ ပြောင်းလာဖို့ သွေးဆောင်စည်းရုံးနေဆဲ ဖြစ်ပါတယ်။ ဒီစည်းရုံးမှုအတွင်း ဘယ်လင်ဟမ်လည်း ပါဝင်ပါလိမ့်မယ်။

လီဗာပူးအသင်း ဒီရာသီ ယှဉ်ပြိုင်ထားတဲ့ ပွဲစဉ်တွေအတွင်း သွင်းဂိုး ၂၀ ဟာ ဒုတိယပိုင်းမှာ ရခဲ့တာဖြစ်ပါတယ်။

မိုဆာလာဟာ ပရီးမီးယားလိဂ်တင် မကဘဲ ချန်ပီယံလိဂ်သမိုင်းရဲ့ ဂိုးသွင်းအများဆုံး ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ စတင် ပါဝင်သွားပါပြီ။

၂၀၂၅ နွေမှာ ဂျပန်နဲ့ ဟောင်ကောင်ဘက်ကို ရာသီကြို ပြင်ဆင်မှုအတွက် ခရီးထွက်ဖို့ စဉ်းစားနေပါတယ်။

ချန်ပီယံလိဂ်မှာ မန်စီးတီးအသင်း ရှုံးပွဲ ထပ်ရတဲ့နောက် ဂွာဒီယိုလာတို့ရဲ့ အစုအဖွဲ့ဟာ ယုံကြည်မှု ပျက်ပြားနေပြီလို့ ယူဆချက်တွေ ပိုမို ကျယ်ပြန့်လာနေပါတယ်။

နွေတုန်းက အသင်းပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် သူ လီဗာပူးမှာပဲ ဆက်နေရမယ် သိချိန်မှာလည်း ကျေကျေနပ်နပ် ဆက်နေခဲ့တယ်လို့ ဂိုးမက်စ်က ဆိုပါတယ်။

မနက်က ဆန်စီယိုမှာ ယှဉ်ပြိုင်တဲ့ အေစီမီလန်နဲ့ ရတ်စတားပွဲကို လီဗာပူးကင်းထောက်တွေ တက်ရောက် ကြည့်ရှုခဲ့ပါတယ်။ ၁၇ နှစ်သား ပါရမီရှင်လေး Andrija Maksimovic ရဲ့ ခြေစွမ်းကို သွားလေ့လာတာလို့ သိရပါတယ်။