ပရိသတ်တွေ ထင်ထားတာထက်တောင် လီဗာပူးရောက်ဖို့ ပိုနီးစပ်ခဲ့တဲ့ ဇူဘီမန်ဒီ

မာတင် ဇူဘီမန်ဒီဟာ နွေတုန်းက လီဗာပူးအသင်းထံ ရောက်ဖို့ နီးစပ်ခဲ့တယ် ဆိုတာက တော်ရုံတန်ရုံ နီးစပ်ခဲ့တာမျိုး မဟုတ်ပါဘူး။ LFCThaDin ဖတ်ရှုသူတွေကို ဖော်ပြပေးမယ့် ဒီအကြောင်းဟာ လီဗာပူး ကွင်းလယ်လူဟောင်းကြီး စတိဗ် မက်မန်နာမန်းရဲ့ ဖော်ထုတ်မှုကနေ ထပ်တိုးသိလာရတာဖြစ်ပါတယ်။

နွေတုန်းက ရီးရဲလ်ဆိုစီဒက်ကနေ လီဗာပူးကို ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းဖြင့် ပြောင်းလာဖို့ သဘောတူခဲ့တဲ့ ဇူဘီမန်ဒီဟာ စျေးကွက်ပိတ်ခါနီး စပိန်မှာ ဆက်နေဖို့ စိတ်ပြင်ဆင်ခဲ့တယ်လို့ပဲ သိကြသူတွေ အများကြီး ရှိပါတယ်။

အာနယ် ဆလော့ စိတ်ကြိုက် ကစားသမားအဖြစ် လီဗာပူးဘက်က ဇူဘီမန်ဒီနဲ့ ဆိုစီဒက်တို့ရဲ့ စာချုပ်ပါ ခေါ်ယူခွင့်ကို အသက်သွင်းဖို့အပြင် ကစားသမားကို ပိုများတဲ့ လုပ်ခပေးဖို့ သဘောတူညီခဲ့တာပါ။

အပြောင်းအရွှေ့ ကိစ္စကို နှုတ်အားဖြင့် သဘောတူညီခဲ့ကြပြီး ၂ ပတ် အကြာမှာ ဇူဘီမန်ဒီဘက်က ” ဆိုစီဒက်ဟာ သူ့ဘဝမို့ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း ” သတင်းထုတ်ပြန်ခဲ့ပါတယ်။

လီဗာပူးနဲ့ ဇူဘီမန်ဒီတို့ဟာ အသင်းဂျာစီနဲ့ ဓါတ်ပုံ ရိုက်ကူးမှုတောင် လုပ်ထားခဲ့ပြီးပြီ ဖြစ်ကာ စပိန်ကွင်းလယ်လူ မာဆေးဆိုဒ်ကို ရောက်လာကာ ဆေးစစ်မှုတွေ လုပ်ဆောင်ပြီးရင် တရားဝင် လက်မှတ်ထိုးဖို့နဲ့ ကစားသမားသစ်အဖြစ် မိတ်ဆက်ပေးဖို့ပဲ ကျန်တော့တာဖြစ်ပါတယ်။

ဇူဘီမန်ဒီရဲ့ စိတ်ပြောင်းလဲခြင်းကြောင့် စက်ရုပ်လို လူစားအဖြစ် တင်စားခဲ့ရတဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ် ဒေါသထွက်ခဲ့တယ်လို့ သိရပြီး သူ့ကြောင့် အချိန်တွေ စောင့်ပေးခဲ့ရတဲ့ လီဗာပူးအသင်းတာဝန်ရှိသူတွေကို ကွင်းလယ်လူကလည်း ပုဂ္ဂိုလ်ရေးအရ ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

လာမယ့် စျေးကွက်တွေမှာတော့ ဇူဘီမန်ဒီဟာ ဆိုစီဒက်ကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ကွင်းလယ်လူကို ခေါ်ယူရေး လီဗာပူးအပြင် မန်စီးတီး၊ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အနာဂတ်မှာ ကစားသမားက လီဗာပူးအသင်းကို မျက်နှာသာ ပေးမလား အခြားအသင်းကို ဦးစားပေးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။