

ဒီရာသီကုန်ရင် စီနီယာ ကစားသမား ၅ယောက်ဟာ အန်ဖီးနဲ့ စာချုပ်သက်တမ်း ကုန်ပြီ ဖြစ်တာကြောင့် လီဗာပူးဟာ နွေအပြောင်းအရွှေ့ မတိုင်ခင် တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းလောက် ရှင်းထုတ်ပြီးသား ဖြစ်ပါလိမ့်မယ်။
အဓိက ကစားသမားများစွာ ထွက်ခွာသွားမှာဖြစ်ပြီး အနည်းဆုံး နာမည်ကြီးခေါ်ယူမှု ၃ခုလောက် မျှော်လင့်ရတာနဲ့အတူ ဒီနွေမှာ လီဗာပူးအတွက် ကြီးမားတဲ့ ရာသီကြို ပြင်ဆင်မှု ဖြစ်လာတော့မှာပါ။ ထိပ်တန်း အပြောင်းအရွှေ့တွေ ပြုလုပ်နိုင်ဖို့အတွက် လီဗာပူးဟာ အတော်အတန်များပြားတဲ့ စာချုပ်တွေ ကမ်းလှမ်းဖို့ လိုအပ်နိုင်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင် ဆုကြေးကြီးတွေ နစ်နာနိုင်ခြင်းနဲ့အတူ လီဗာပူးဟာ ဗျူဟာမြောက်တဲ့ ကစားသမား ခေါ်ယူမှုတွေကို သေချာလေး လုပ်နိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ဖာမင်နို၊ ကိတ်တာ၊ ချိန်ဘာလိန်၊ ဂျိမ်းစ်မီလ်နာနဲ့ အာသာတို့ ထွက်ခွာကြမှာနဲ့အတူ လခပိုင်း ရှင်းထုတ်မှုတွေမှာ ခေါင်းကိုက်ရမယ့် အရေး သက်သာပါလိမ့်မယ်။
ဖာမင်နို၊ ကီတာ၊ ချိန်ဘာလိန်နဲ့ မီနာတို့ဟာ စာချုပ်သက်တမ်းကုန်တာနဲ့ အသင်းကနေ ထွက်ခွာကြမှာဖြစ်ကြောင်း ကလပ်က တရားဝင် အတည်ပြုခဲ့ပြီးပါပြီ။ အာသာရဲ့ အငှားစာချုပ်က ရာသီကုန်မှာ ပြီးဆုံးမှာဖြစ်ပြီး လီဗာပူးအနေနဲ့ သူ့ကို ပေါင် ၃၂.၃ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်ကို အသုံးချမှာ မဟုတ်ပါဘူး။
ဖာမင်နို (တစ်ပတ်လုပ်ခ ပေါင်၁၈၀,၀၀)၊ ကိတ်တာ (ပေါင်၁၂၀,၀၀၀)၊ ချိန်ဘာလိန် (ပေါင် ၁၂၀,၀၀၀)၊ မီနာ (ပေါင်၆၀,၀၀၀) တို့ရဲ့ ထွက်ခွာမှုအရ လီဗာပူးဟာ တစ်ပတ်လုပ်ခ ပေါင် ၄၈၀,၀၀၀ လောက် သက်သာသွားတော့မှာပါ။
အာသာဟာ ဂျူဗင်တပ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၁၀,၀၀၀ ရနေတာဖြစ်ပြီး အငှားခေါ်ထားတဲ့ လီဗာပူးက သူ့လစာရဲ့ ၅၀ရာခိုင်နှုန်းကို ပေးချေရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနွေရာသီမှာ စုစုပေါင်း တစ်ပတ်လုပ်ခ ကုန်ကျငွေ ပေါင် ၅၃၅,၀၀၀ လျော့သွားမှာဖြစ်ပြီး အတ်ဒရီယန်ရဲ့ အခြေအနေတော့ မသိရသေးပါဘူး။
နွေမှာ ခေါ်ယူမယ့် ကစားသမားသစ်တွေအတွက် အဆိုပါ ပေါင် ၅ သိန်းဝန်းကျင်ထဲက ပမာဏအတော်များများကို ပြန်သုံးရပါလိမ့်မယ်။ ဒါ့အပြင် ဒီနွေရာသီမှာ ထရန့် အပါအဝင် စီနီယာ ၆ ဦးကို ရေရှည်စာချုပ်သစ် ချုပ်ဖို့လည်း ဆွေးနွေးဦးမှာပါ။
တစ်ပတ် ပေါင် ၂ သိန်းရ သီယာဂိုဟာ ဒီနွေရာသီမှာ စာချုပ်သက်တမ်း နောက်ဆုံး ၁၂လထဲ ရောက်တော့မှာဖြစ်ပြီး အသက်က ၃၂နှစ်၊ ဒဏ်ရာပြဿနာ အနှောင့်အယှက်တွေကြောင့် သူ့ကို စာချုပ်သက်တမ်းတိုးဖွယ် မရှိတော့တာ ဖြစ်ပါတယ်။