မာကာ ပြန်လာပြီ၊ ပွဲနေ့ မတိုင်ခင် ထုတ်ပယ်ခံလိုက်ရတဲ့ ပြိုင်ဘက် နည်းပြ၊ ဘယ်အစွန် အဓိက ပစ်မှတ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

တနင်္ဂနွေနေ့ညတွေ အပြီးမှာ ချယ်ဆီးအသင်းဟာ ၁ ပွဲပိုကစား ၂ မှတ်လျော့ဖြင့် လီဗာပူးအသင်းကို အနီးကပ် ဖိအားပေးလာနေပြီ​ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ မန်ချက်စတာဒါဘီမှာ အရေးနိမ့်ခဲ့တာကြောင့် လီဗာပူးထက် ၁ ပွဲပိုကစား ၉ မှတ်အကွာထိ ပြတ်ကျန်နေခဲ့ပါပြီ။

ဆောက်သမ်တန်ပွဲမှာ နည်းပြဆလော့နဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်တို့ ၁ ပွဲပယ် ပြစ်ဒဏ်တွေကြောင့် ပါဝင်နိုင်ဖို့ မရှိပေမယ့် စပါးပွဲမှာတော့ ပြန်ပါလာမှာပါ။

မာကာဟာ ချန်ပီယံလိဂ်နဲ့ အင်္ဂလန်လိဂ်မှာ ပွဲပယ်ခံထားရခြင်းကနေ လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီ ဒဏ်ရာကြောင့် လအတန်ကြား အနားယူထားရသလို ပွဲကစားခွင့် လျော့နည်းနေတဲ့ ဟာဗေးက သူ့ရဲ့ အခွင့်အရေး ရောက်လာမှာကို စောင့်ဆိုင်းမယ်လို့ ဆိုပါတယ်။

ဘီဘီစီ သုံးသပ်သူ ဂယ်ရီလင်ကာကတော့ ဟယ်ရီဝဲလ်ဆန်ဟာ ဂိုးရလောက်တဲ့ အခြေနေကို ဘယ်တုန်းကမှ ရောက်ခဲ့ခြင်း မရှိဘဲ ရော်ဘတ်ဆန်ကို အနီကတ် ပြတာက ပြင်းထန်လွန်းတယ်လို့ မှတ်ချက်ပေးပါတယ်။

ဘယ်အစွန်အတွက် လီဗာပူးအသင်းရဲ့ ဦးစားပေး ပစ်မှတ်ဟာ ဘုန်းမောက်အသင်းမှ မီလိုစ့်ကာဇ့်ဖြစ်ပြီး နည်းပြဆလော့ဟာ အယ်ခမာကို နည်းပြကတည်းက ဟန်ဂေရီသားကို သဘောကျခဲ့တာပါ။

အန်ဖီးထံ ပြောင်းလာဖို့ ပြောဆိုကြတဲ့ မှတ်ချက်ကို ဖူလ်ဟမ် ဘယ်အစွန်လူ ရော်ဘင်ဆန်က react ပေးပြီး တုန့်ပြန်ခဲ့ပေမယ့် အသက် ၂၇ နှစ်အရွယ် အမေရိကန် ဘယ်အစွန်လူဟာ လီဗာပူး စိတ်ဝင်စားတဲ့ အသက်အရွယ်ထက် အနည်းငယ် ကြီးမြင့်နေပါတယ်။

စပိန်ဘက်က သတင်းဌာနတွေကတော့ ရီးရဲလ်မက်ဒရစ်ဟာ ဆိုဘိုစလိုင်ကို စိတ်ဝင်စားနေကြောင်းပါ ဖော်ပြလာပါပြီ။ ၎င်းတို့ဟာ ဂရာဗင်ဘက်ချ်နဲ့ မာကာတို့ကိုလည်း စပိန်ကလပ်နဲ့ ချိတ်ဆက်ပေးနေခဲ့သေးတာပါ။

ဒီအပတ် လီဗာပူးနဲ့ပွဲမတိုင်ခင် ဆောက်သမ်တန်အသင်းဟာ နည်းပြ Russell Martin ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။