လီဗာပူးနဲ့ အာဆင်နယ်မှာ နိုင်လိုစိတ်ကွာတယ် နှိုင်းယှဉ်ခြင်း၊ ဘယ်အစွန်အတွက် နာမည်ထွက်လာသူ၊ ခီယေဆာ-ဂျိုတာအတွဲ ပွဲထွက်ဖို့ စီစဉ်ထားခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

မိုဆာလာဟာ ၂၀၂၅ ခုနှစ် မကုန်ခင် လီဗာပူးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အခြေအနေကောင်းလာနေပါပြီ။

ကြားရက် ဆောက်သမ်တန်ပွဲမှာ နည်းပြဆလော့ဟာ အဓိက ကစားသမား အချို့ကို အနားပေးခဲ့ပြီး လူငယ်တွေ အစားထိုး ခေါ်ယူသွားဖို့ စီစဉ်နေပါပြီ။

မနေ့ညက လီဗာပူး ယူ-၂၁ အသင်းပွဲမှာ ဂျေဒန်ဒန့်စ်၊ နော်ရစ်၊ နယ်လို၊ မော်တန်၊ နိုင်ယွန်နီ၊ မက်ကော်နယ်လို့ အဓိက ပွဲထွက်ကစားသမား အားလုံး ချန်လှပ်ခံခဲ့ရပါတယ်။

အာနယ် ဆလော့ဟာ ကွင်းလယ်လူ အန်ဒိုကို အရေးကြီး ကစားသမား တစ်ဦးအဖြစ် ထည့်တွက်ထားပြီး ပွဲကြပ်မှာ ဂျပန်သားကြီးကို ပွဲချိန်တွေ ပေးသွားဖို့ အစီအစဉ် ရှိထားပါတယ်။

တိုက်စစ်မှူး ခီယေဆာနဲ့ ဂျိုတာတို့ဟာ မာကာ၊ အန်ဒိုတို့နဲ့အတူ ဆောက်သမ်တန်ပွဲမှာ ပွဲထွက်ခွင့်ရမယ်လို့ သတင်းကြီးနေပါတယ်။ သူတို့အားလုံးဟာ ပွဲကစားချိန် လိုအပ်နေကြသူတွေပါ။

ဖူလ်ဟမ်ပွဲမှာ ဂရာဗင်ဘက်ချ်ဟာ သာမာန် ခြေစွမ်းကို ပြသခဲ့ခြင်း မဟုတ်ဘဲ ခံစစ်နဲ့ ကွင်းလယ် ၂ နေရာကနေ ဖူလ်ဟမ်ကို ရင်ဆိုင်ခဲ့တာဟာ world class အဆင့် ပြီးပြည့်စုံတဲ့ ခြေစွမ်းလို့ ဆက်တိုက် ထောက်ပြခံနေရပါတယ်။

လီဗာပူးအသင်းနဲ့ အာဆင်နယ်တို့ကြား ပရီးမီးယားလိဂ်ဖလား အောင်မြင်ရေး အားထုတ်မှုမှာ ကွာခြားသွားတာက လီဗာပူးဟာ ဘယ်လို အခြေအနေဖြစ်ဖြစ် ပွဲကို နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ကန်တာဖြစ်ပြီး အာဆင်နယ်ကတော့ မရှုံးအောင်ဆိုတဲ့ စိတ်နဲ့ ကန်တာပါလို့ သီယာရီ အွန်နရီက နှိုင်းယှဉ်ပါတယ်။

ဇန်နဝါရီမှာ ဘုန်းမောက် ဘယ်အစွန်လူ မီလိုစ်ကာဇ့်ကို ခေါ်ယူဖို့ ထောက်ခံခြင်းတွေ အများကြီးရှိလာနေတယ်။ အသင်းဟာ ဟန်ဂေရီ ဘယ်အစွန်လူကို ကင်းထောက်မှုလည်း ဆက်တိုက် လုပ်ဆောင်ထားဖူးပါတယ်။

ဆဲလ်ဘတ်အသင်းဟာ နည်းပြချုပ် ပပ်လင်ဒါးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါပြီ။ ဆဲလ်ဘတ်ပရိသတ်တွေကတော့ သူ့နေရာမှာ ကလော့ပ်ကို အစားဝင် ကိုင်တွယ်စေချင်နေကြပါတယ်။